close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့စစ်တပ်ပြန်မရရေး တွန်းလှန်နေရတဲ့ အဆုံးအဖြတ်ကာလဟု CNDFပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)

ဧပြီ ၁၄၊ ၂၀၂၆။ ရွက်ဝါ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

ဧပြီ ၁၃ရက်မှာ ကျရောက်တဲ့ CNO/CNDF ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်ပြည့် ကြေညာချက်မှာ အခုလို အသိပေးခဲ့တာပါ။ CNO/CNDFဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်နဲ့ စခန်းတွေအပါအဝင် ဖလမ်းမြို့ကို ၂၀၂၅ ဧပြီမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာဟာ ၅နှစ်အတွင်း အမျိုးသားရေးအတွက် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အောင်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မိမိတို့ အနေဖြင့် အသက်၊ သွေး၊ ချွေးပေးဆပ်ကြသော ရဲဘော်များ၊ ပြည်သူများနှင့်အတူ ရပ်တည်လျက် နောက်ဆုံးပန်းတိုင်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်”လို့လည်း CNO/CNDFက မြို့ကို ကာကွယ်မယ့် အကြောင်း ကြေညာပါတယ်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ဟူသမျှကို အပြီးတိုင်ချေမှုန်းပြီး ချင်းပြည်သူတွေ လိုလားတဲ့ မိမိကံကြမ္မာ မိမိဖန်တီးခွင့်နဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ ရှိတဲ့ ချင်းပြည်တည်ဆောက်ရေး ၊ အမျိုးသားတန်းတူရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာတဲ့အထိ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင် တို့ရဲ့ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်အတိုင်း တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့ အတူလက်တွဲ ဆက်လက်တိုက်ပွဲ ဝင်မယ်လို့လည်း CNO/CNDFက သံန္နိဋ္ဌာန်ပြု ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဖလမ်းမြို့ပြန်ရဖို့ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီးစစ်အင်အားအလုံးအရင်း လေကြောင်း ပစ်ကူများစွာ သုံးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တိုက်ပွဲနှစ်ဝက်နီးပါးကြာတဲ့အထိ ဖလမ်းမြို့ကို ပြန်ရရှိခြင်းမရှိပေမယ့်စစ်တပ်တွေမြို့နဲ့တဖြေးဖြေးနီးကပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

စစ်ကောင်စီ ထိုးစစ်ကို ချင်းညီနောင်ကာကွယ်ရေးတပ်တွေအပြင် ချင်းပြည်ကောင်စီကာကွယ်ရေးတပ်တွေလည်း အတူပူးပေါင်းခုခံနေတာလည်းဖြစ်ပါတယ်။

“ ချင်းကာကွယ်ရေး ချင်းလဲန်းကောင်စီဘက်ကပဲ ဖြစ်ဖြစ် ချင်းညီနောင်ဘက်ကပဲ ဖြစ်ဖြစ် အတက်နိုင်ဆုံး ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက မတ်လကုန်ပိုင်းမှာ ဖလမ်းတိုက်ပွဲ အခြေအနေ မေးမြန်းမှု အပေါ် အခုလို ပြောပြပါတယ်။

ဘုံရန်သူ စစ်ကောင်စီကို အတူလက်တွဲတိုက်ရင်း ချင်းညီညွတ်ရေး ဖြစ်လာစေမယ်လို့လည်း သူက ပြောပါတယ်။

“အခု ဖလမ်းမြို့နယ်ထဲမှာဆိုရင်လည်း ချင်းလဲန်းကောင်စီဘက်က ရဲဘော်တွေလည်းရှိတယ် ကျွန်တော်တို့ ချင်းညီနောင်က ရဲဘော်တွေလည်းရှိတယ်။ ရှေ့တန်းမှာစည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်နေပါတယ်။ ဒီဟာတွေက တဖြည်းဖြည်းချင်း ချင်းရဲ့စည်းလုံးညီညွတ်မှုတွေ ဖြစ်စေ မှာပါ။ နောက်ပြီးတော့ တဖက်ကလည်း ပထမဆုံးအရေး

ကြီးတာက ဘုံရန်သူကို ပထမအရင် ခုခံကာကွယ်မောင်းထုတ်နိုင်မှ ချင်းအမျိုးသားရေး စည်းလုံးညီညွတ်မှုတွေက နောက်ပိုင်းဆိုရင် တဖြည်းဖြည်းလာမှာ ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့တော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီကို တိုက်ထုတ်ကာကွယ်နိုင်ဖို့ပထမ ဖြစ်တယ်။ ဒုတိယက

တော့ ကျန်ရှိနေသေးတဲ့ ချင်းပြည်မှာ သိမ်းစရာရှိတဲ့မြို့တွေကို သိမ်းနိုင်ဖို့ရန်အတွက် ဒါ ဒုတိယ ခြေလှမ်းပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်”လို့ ဆလိုင်းတင်မီက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းကနေ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ် တာဝန်ရှိသူက ပြောပါတယ်။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။