close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ပြည်သူတွေ တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့်သပိတ် သံချပ်အဖွဲ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြမှုကို ဒီကနေ့ (ဧပြီ ၁၁) ပြုလုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်ဖားကန့်မြို့နယ်)

ဧပြီ-၁၁၊၂၀၂၆။သုည၊သတိုး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့်သပိတ် သံချပ်အဖွဲ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တော်လှန်သံချပ်တွေနဲ့ ဆန္ဒပြမှုကို ဒီကနေ့ (ဧပြီ ၁၁) ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက “ လေယာဉ်ဗုံးကြဲ အမိန့်ပေးသူ၊ လူသတ်ကောင်က သမ္မတတဲ့လား” ၊ “ ဘုန်းကြီးကျောင်းကို ဗုံးကြဲနေတာ မဘသတွေ အသံမထွက်ကြဘူး” ၊ “ သွေးစည်းကြမလေ ညီနောင်တွေ၊ ဖက်ဒရယ်ပြည်သစ် အတူတည်ဆောက်စို့” စတဲ့ တော်လှန်သံချပ်စာသားတွေကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ပြည်သူတွေ အနေနဲ့လည်း မင်းအောင်

လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်ဖို့နဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေအားလုံး အတူတကွ စုစုစည်းစည်း ညီညီ ညွတ်ညွတ် နဲ့ စစ်အာဏာရှင် အမြစ်ဖြတ်သည်အထိ တိုက်ပွဲဝင်ဖို့ သံချပ်တွေနဲ့ တိုက်တွန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်က စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။

သတင်း

အာရက္ခတပ်‌တော်(AA)နဲ့ စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အာဏာသိမ်းစစ်တပ်က အင်အားတွေ ပို့နေပါတယ်။