close
Connect with us

Hi, what are you looking for?

သတင်း

ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်း

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ-၁၁၊ ၂၀၂၆။ ဇော်ရမ်း၊ဖိုးသား/People’s Spring

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီအင်အား ၃၀ကျော်နဲ့တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို ဧပြီ ၁၀ရက် မနေ့ မနက် ၅နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲက ၂နာရီခွဲခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိခဲ့တယ်လို့ CDF – Asho ကထုတ်ပြန်ထားပါတယ်။ MA – 1တစ်လက်၊ ကာဘိုင်နှစ်လက်နဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ တိုက်ပွဲ က ၅ နာရီဝန်းကျင်မှာစပြီးတော့ ၇ နာရီ မိနစ် ၂၀ ကျော်လောက်မှာပဲ စေတုတ္တရာမှာရှိတဲ့ ကပစ ၂၀ ကနေ စစ်ကူသံချပ်ကာကားလာတယ်။၇ နာရီခွဲလောက်မှာ ကျွန်တော်တို့ ပြန်ဆုတ်ခွာရတယ်။အဲဒီ နှစ်နာရီခွဲအတောအတွင်းမှာ တိုက်ခိုက်ပြီး နေရာတစ်စိတ်တပိုင်းကို ထိန်းချုပ်နိုင်ခဲ့တယ်” လို့ ချင်းကာကွယ်ရေးတပ် အရှို တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

CDF – Ashoနဲ့အတူ လူ့ဘောင်သစ်တပ်မတော်(NSA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA – Magway)၊ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာလည်း မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝဦးသေဆုံးတယ်လို့ CDF-Ashoက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကိုလည်း

အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့အတူ CDF_Ashoလည်း ပါဝင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပါတယ်။

ငဖဲမြို့နယ် နဲ့ ထိစပ်နေတဲ့ စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာ ကွယ်ရေးလက်နက်တွေထုတ်တဲ့(ကပစ ၂၀)စက်ရုံအခြေစိုက်ထားပါတယ်။ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီး အင်အား (၄၀၀)ဝန်း

ကျင်ရှိတယ်လို့သိရပါတယ်။

(စီးနင်းတိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့။ ဓာတ်ပုံ – CDF-Asho)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အရက်ဘီယာတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိတယ်လို့ Southern YSO PDFက ဒီကနေ့ ဧပြီ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သရက်ခရိုင် အမှတ်- ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ဒီကနေ့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး ခဲယမ်းအချို့ရတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။