close
Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမှာ စစ်တပ်က စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေပါ တိုက်ခိုက်

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ နတ်တလင်းက ပြည်သူတွေ။ ဓာတ်ပုံ - ပေးပို့)

ဧပြီ-၉၊ ၂၀၂၆။ People’s Spring

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဧပြီ ၉ ရက် မနက် ၁၁ နာရီကျော်အချိန်မှာ စစ်တပ်က နတ်တလင်းမြို့နယ်ထဲက ကျွန်းလေးပင်နဲ့ ချောင်းကမ်းကြီးကျေးရွာကို ပါရာမော်တာနဲ့ ဗုံးကြဲချတာတွေလုပ်ဆောင်ခဲ့တာပါ။

“ ပါရာမော်တာ၃စီးနဲ့ ၈လုံးချသွားပါတယ်။ ကျွန်းလေးပင်ရွာ ချောင်းကမ်းကြီးရွာတွေကိုပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၅ ရက် မနက်ပိုင်းမှာ နတ်တလင်းမြို့ဘက်က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နတ်တလင်းမြို့နယ် ၊ ကန်သာယာကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပဲမခမ်းကျေးရွာကိုလည်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အချက်ရေ ၅၀ ကျော်ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက်မှာ စစ်တပ်စစ်ကြောင်းဟာ ပဲမခမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

စစ်ကြောင်းထိုးနေချိန်မှာလည်း စစ်တပ်တပ်ဖွဲ့ဝင်တွေက စက်တပ်လေထီး၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပဲမခမ်းကျေးရွာအတွင်း ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ပဲမခမ်းကျေးရွာက ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ ပဲမခမ်းကျေးရွာကနေ ဆက်ပြီး စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပဲမခမ်းရွာကို လက်နက်ကြီး ဒရုန်း ပါရာမော်တာတွေနဲ့ ရွာကြေအောင်လုပ်ပြီးဝင်လာတာပါ။ ပဲမခမ်းပြီးတော့ သာယာကုန်းရွာထဲ ထပ်ဝင်ပါတယ်။ သာယာကုန်းရွာကနေ ချောင်းကမ်းကြီး ကျွန်းလေးပင်ရွာတွေကို လက်နက်ကြီး ဒရုန်း ပါရာမော်တာတွေနဲ့ ဆက်ပစ်ပြီးရှေ့ကိုဆက်တိုးလာနေပါတယ်” လို့ ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ အင်အားတွေကို ဖြန့်ကျက်ပြီး သာယာကုန်း၊စန်ကြီးလောင့်ဘက်၊ ငုတ်တရာ စတဲ့ကျေးရွာတွေဘက်ကနေ စစ်ကြောင်းသုံးနဲ့ စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။

“ သာယာကုန်းရွာဝင်နေတဲ့စစ်ကြောင်းက ချောင်းကမ်းကြီး ကျွန်းလေးပင်ရွာတွေကို လက်နက်ကြီးတွေနဲ့ချေနေပါပြီ။ စန်ကြီးလောင့်ဘက်က စစ်ကြောင်းကလဲ ညောင်ဝိုင်း၊ ခွေးသေရွာတွေကို လက်နက်ကြီး ဒရုန်းများနဲ့ချေနေပါတယ် ရွာတွေကြေမွပျက်စီးနေပြီ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ ဒရုန်း နဲ့လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် ပဲမခမ်း၊ ကန်သာယာ၊ သာယာကုန်း၊ ချောင်းကမ်းကြီး၊ ကျွန်းလေးပင်၊ စန်ကြီးလောင့်၊ ညောင်ဝိုင်း၊ ခွေးသေ၊ သရက်ပင်ကံရိုး၊ ဖလံပင်၊ ရှားစေဘို ၊ ကျောက်ဆွယ်၊ ကျောက်ခွက်၊ လယ်မအင်း၊ မကျီးပင်၊ အိုးဖိုကုန်း၊ ဘန့်ဘွေးကုန်း စတဲ့ကျေးရွာက ဒေသခံထောင်ချိီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ထောင်နဲ့ချိီတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်လျက်ရှိတယ်လို့ ကူညီသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

Facebook