ဖေဖော်ဝါရီ၂၈၊၂၀၂၆၊ရှိန်း/ People’s Spring
မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းစစ်ကြောင်းထိုးလာတဲ့ တပ်မ(၅၅)က စစ်တပ်သား၂ဦးကို အရှင်ဖမ်းမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေက ပြောပါတယ်။
ဖေဖော်ဝါရီတတိယပတ်မှာ စစ်ကောင်စီတပ်က မိုးကုတ်မြို့ရဲ့ အနောက်ဘက်ကိုစစ်ကြောင်းထိုးဝင်လာချိန် တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွင်းမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး တပ်သား၂ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement
“ အနောက်ခြမ်းက တောင်တစ်ခုကို စကစကတက်လုံးတဲ့အချိန်ဖြစ်တာပါ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ခြမ်းမှာ တိုက်ပွဲတွေနေ့စဉ် ဖြစ်နေပြီး မြို့နဲ့ (၁)မိုင်ခန့်အကွာမှာပဲဖြစ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီက တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၅ နိုဝင်ဘာ၂၉ ရက်မှာ တအာင်းတပ်မတော်(TNLA)ရဲ့ သဘောတူညီချက်နဲ့ မိုးကုတ်မြို့ကို ပြန်တောင်းယူခဲ့တာပါ။
အဲဒီနောက် တော်လှန်ရေးတပ်တွေပါ မြို့တွင်းကဆုတ်ပေးခဲ့ရပြီး မြို့အပြင်မှာတော့ နိုဝင်ဘာ ၃၀ ရက်ကတည်းက ဆက်တိုက်တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

















































