close
Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်က ပေါက်မရွာကို စစ်တပ်မီးရှို့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ ပေါက်မကျေးရွာက နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က စလင်းမြို့နယ် ကျေးရွာတချို့ကို စစ်တပ် မီးရှို့ခဲ့စဥ်။ ဓာတ်ပုံ - စလင်း ပအဖ

ဖေဖော်ဝါရီ-၂၈၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ ပေါက်မကျေးရွာက နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

စစ်တပ် တပ်စွဲထားတဲ့ လင်းဇင်းနယ်မြေရဲစခန်း အနီးက ပေါက်မကျေးရွာမှာ အခု ဖေဖော်ဝါရီ၂၆ ရက် ည ၉ နာရီဝန်းကျင်က မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ တပ်ရင်းတွေ ထောင်ထားတဲ့မိုင်းတွေကို ရှင်းဖ်ို့ လင်းဇင်းဖက်ကခွေးတွေ ရှို့ခဲ့တာ လို့ ကနဦး သိထားပါတယ်။အိမ်ခြေ ၄၀ လောက် လောင်တယ်လို့ သတင်းရထားတယ်” လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရတဲ့ ပေါက်မရွာမှာ အိမ်ခြေ အစု ၅စုရှိပြီး မီးလောင်သွားတာက အောင်စေဆိုတဲ့ အစု ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

လင်းဇင်းနယ်မြေရဲစခန်းက စလင်းချောင်းနံဘေးကပ်လျက်တောင်ဘက်မှာရှိပြီး ပေါင်းမကျေးရွာက စလင်းချောင်းဘေးကပ်လျက် မြောက်ဘက်မှာ ရှိပါတယ်။

မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ စလင်းမြို့နယ်ကို စစ်တပ်က အင်အားဖြည့်တာအပြင် ကျေးရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေရှိပါတယ်။

စလင်းမြို့နယ်မှာ ကျေးရွာ ၁၅ရွာ ထက်မနည်း စစ်ဘေးရှောင်နေရပြီး လူဦးရေ ၅,၀၀၀ ဝန်းကျင်က စားနပ်ရိက္ခာတွေ ဆေးဝါးတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်က လင်းမြို့နယ်၊ မကျီးဖျားအုပ်စု၊ ကျောက်ခဲကုန်းရွာက စစ်ဘေးရှောင် တွေ လာရောက်နေထိုင်နေတဲ့ ဘုရားတန်ဆောင်းပေါ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးလာကြဲလို့ အသက် (၇၀)အရွယ် အမျိုးသားတစ်ဦးနဲ့ (၁)နှစ်သားအရွယ်ကလေးငယ် သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ ပေါက်မရွာက နေအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

ဆိပ်ဖြူမှာစစ်တပ်ဂိတ်နဲ့ စစ်ယာဥ်တန်း PDF​တွေတိုက်ခိုက် စစ်သား ၂၀ခန့်​သေ၊စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်း​တွေရ

သတင်း

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းယူမှာမို့လို့ မြို့နေလူထုအနေနဲ့ စလင်းမြို့နယ်ဘက်ကိုတိမ်းရှောင်ဖို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။