ဖေဖော်ဝါရီ-၈၊၂၀၂၆။ကဖေး/People’s Spring
မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲကနေ လက်နက်ကြီးတွေ ပစ်နေပါတယ်။
ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဟာ မိုးကုတ်မြို့ အရှေ့ပိုင်းကနေသွားရပြီး ဘားနဒ်ရွာဘက်ကို သွားတဲ့လမ်းမှာ ရှိပါတယ်။တိုက်ပွဲတွေဖြစ်နေတာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီးဖေဖော်ဝါရီလ ၈ရက် မနက်ပိုင်းမှာ ပိုပြင်းထန်နေတာပါ။
“ စစ်ကူတွေလိုက်သွားတာအများကြီးပဲ။ လက်နက်ကြီးတွေလည်း အရမ်းပစ်နေတယ်။ ဒေသခံတွေက မိုးကုတ်မြို့ထဲကို ပြေးလာကြတယ်။တိုက်ပွဲက အရမ်းကြမ်းနေတာ” လို့မိုးကုတ်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement
အဲ့ဒီရွာတွေပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလကလည်းတိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေကို စစ်တပ်က ထွက်ခွာခွင့်ပိတ်ပင်ခဲ့ပါတယ်။ လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။
တအာင်းတပ်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း စစ်တပ်စစ်ကြောင်းတွေကမိုးမိတ်မြို့ထဲကို ၂၀၂၅ အောက်တိုဘာလထဲမှာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမြို့အနီးမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက်ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီကဖေဖော်ဝါရီလောက်၅ရက်နေ့မှာမိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထပ်မံပို့ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလောက်၆ရက်မနက်ပိုင်းမှာ မိုးကုတ်မြို့ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာတစ်ခုကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်တပ်ရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်
ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။

















































