close
Connect with us

Hi, what are you looking for?

သတင်း

ပုဂံ၊ညောင်ဦးမှာ စစ်တပ်လှည့်ကင်းကား တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်၊ စစ်တပ် ၄ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းရ

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring

ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ပတ်ကင်းကားတစ်စီးကို ဝါးခင်းကြီးချောင်းအနားအရောက်မှာ တော်လှန်ရေးရဲဘော်တွေက ပြောက်ကျားစနစ်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။

မိနစ် ၂၀ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၄ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ပခုက္ကူပကဖက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ၅ဦးပါတာ။ ၄ ဦး သေဆုံးတယ်။ တစ်ကောင်က ထွက်ပြေးလွတ်မြောက်သွားတယ်။” လို့ ပခုက္ကူပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။

ဒါ့အပြင် MA-3 သေနတ် ၂လက်၊ ကာဘိုင် ၂ လက်နဲ့ ကျည်ဆန်အများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးကို ရဲဘော်ဒီးနဲ့ ရဲဘော်ပုဂံကြီးတို့ ဦးဆောင်တဲ့ တပ်စိပ် နှစ်စိပ်နဲ့ Pakokku Special Task Force (ပခုက္ကူမြို့နယ် ပကဖ)၊ Bagan Nyaung Oo Special Task Force၊ မကွေးတိုင်း ပကဖ အမှတ် (၄)အထူးလှုပ်ရှားစစ်ကြောင်းတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအတွင်းကလည်း မြင်းခြံ-ညောင်ဦးလမ်းမှာ သီတာယုမွန်ရဲ့တပည့်တွေလိုက်ပါလာတဲ့ကားကို ပခုက္ကူပကဖနဲ့တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့လို့ ၅ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

(သိမ်းဆည်းရမိခဲ့သောလက်နက်များနှင့် ပစ်ခတ်ခံရသော စစ်တပ်ပတ်ကင်းကားအား တွေ့ရစဥ်။ ဓါတ်ပုံ-ပခုက္ကူပကဖ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

သတင်း

ငလျင်ထိပြီးပြိုကျထားတဲ့ အမရပူရမြို့က ပုထိုးတော်ကြီးဘုရား ပြင်ဆင်မှုတွေ မလုပ်ရသေးပေမဲ့ ဘုရားပွဲလုပ်ကာ ဇာတ်ပွဲထည့်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

ကလေးတွေ ဒီဇင်ဘာကျောင်းပိတ်ရက် နဲ့ နှစ်သစ်ကူးကာလမှာ အပြေးအလွှားနဲ့ ပုဂံကိုချီတက်ခဲ့ကြသူတွေ၊ ချီတက်ကြမယ့်သူတွေအတွက် ခြောက်ခြားစရာ သတင်းတစ်ပုဒ် မနေ့က တက်လာခဲ့ပါတယ်။ ပုဂံညောင်ဦးကို အလည်လာတဲ့ မအူပင်မြို့က ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးသွားတဲ့သတင်းပါ။

သတင်း

မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။