close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်ကြီးငူဆေးရုံ လက်နက်ကြီးကျ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူဒေသက ဆေးရုံကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအဆောက်အအုံ နဲ့ မော်တော်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။

လက်နက်ကြီးကျတဲ့ ​နေရာအနီးဝန်းကျင်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

​ဖေ​ဖော်ဝါရီ-၉၊၂၀၂၆။အိမ်သွင်/People’s Spring

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူဒေသက ဆေးရုံကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအဆောက်အအုံ နဲ့ မော်တော်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။

မြိုင်ကြီးငူဒေသ၊ဇီဇဝါမြိုင်ရပ်ကွက်ထဲကတိုက်နယ်ဆေးရုံကို ​ဖေ​ဖော်ဝါရီ ၉ ရက်မနက် ၆ နာရီ၄၅ မိနစ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“ ဆေးရုံအဆောက်အအုံနဲ့ကားတွေရောဆိုင်ကယ်တွေရောတချို့ ပျက်စီးတယ်။ လူအထိခိုက်မရှိခဲ့ပါဘူး။ ကံကောင်းလို့ မထိတာပါ” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်ကြီးငူဒေသမှာတိုက်ပွဲတွေမရှိပေမယ့်ဆက်စပ်ဒေသတွေဖြစ်တဲ့ကော့ကရိတ်၊ဖာပွန်၊ကမမောင်းမြို့နယ်တွေမှာ စစ်ကောင်စီ နဲ့ KNU ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပါတယ်။

မြိုင်ကြီးငူဒေသဟာစစ်တပ်နဲ့အပစ်ရပ်လက်မှတ်ထားထားပြီး စစ်တပ်​​ဆွေး​နွေးပွဲ​တွေပုံမှန်တက်​နေတဲ့ DKBA တပ်တွေ အများဆုံး တပ်စွဲလှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။ဆေးရုံပေါ်ကိုလက်နက်ကြီးပစ်ခတ်မှုဟာ ဘယ်ဖက်က ပစ်တယ်ဆိုတာမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မြိုင်ကြီးငူဆေးရုံပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့တစ်ချိန်တည်းထဲမှာကော့ကရိတ် မြို့နယ်ထဲက နေအိမ်တွေပေါ်ကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကော့ကရိတ်မြို့နယ်ထဲကရွာသစ်၊မြို့ဟောင်း၊သာယာကုန်းရွာပတ်ဝန်းကျင်တွေကိုမကြာခဏ စစ်ကောင်စီကဗုံးကြဲနေတာလို့ မြို့ခံတွေကပြောပါတယ်။ အဲဒီရွာတွေကဒေသခံတွေဟာ တိုက်ပွဲကြောင့်ထွက်ပြေး တိမ်း ရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ က ရွေးကောက်ပွဲအပြီးမှာ သံချပ်ကာကား နဲ့ လက်နက်ကြီးအပါအဝင် စစ်ကား အစီးရေ ၁၀၀ ခန့်ပါဝင်တဲ့ စစ်ယာဉ်တန်း ကို ကရင်ပြည်နယ်အတွင်းစေလွှတ်ခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။