close
Connect with us

Hi, what are you looking for?

သတင်း

ကချင် မြို့နယ်သုံးခုမှာ KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၉ရက် စစ်ရေး အခြေအနေတွေကို ပြောပါတယ်။

KIAပူးပေါင်းတပ်တွေ ၂၀၂၄ မတ်လ ၂၀ ရက်က သိမ်းပိုက်ရရှိခဲ့သော ဘွမ်ရေဘွမ့် (Bumre Bum) စခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ − NUG

ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၉ရက် စစ်ရေး အခြေအနေတွေကို ပြောပါတယ်။

အဲဒီဒေသတွေမှာ ဇန်နဝါရီလကုန်ပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တပတ်ကျော်ကြာတဲ့အထိစစ်ရေး တင်းမာနေဆဲ၊ တိုက်ပွဲတွေဖြစ်နေဆဲလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့အခြေစိုက် စစ်ကောင်စီရဲ့ နမ့်ပေါင်လေတပ်စခန်းကိုလည်း KIAက ဖေဖော်ဝါရီ ၈ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက်မှာ ရေးသားမှုတွေ တွေ့ရပါတယ်။ အဲဒီလိုတိုက်ခိုက်မှုမှာ လေတပ်စခန်းက လေကြောင်းထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့ ရေဒါထိန်းချုပ်ရေးစင်တာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ရေးသားမှုတွေရှိပေမယ့် သီးခြား အတည်ပြုချက်မရသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲပါ။

ဗိုလ်မှူးကြီးနော်ဘူနဲ့ ဖေဖော်ဝါရီ ၆ရက်မှာ အဆက်အသွယ်ရရှိစဉ် စစ်ရေးအခြေအနေ ရှင်းပြချက်မှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြိုနယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားသလို ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းလိုဖြစ်နေတာ၊ စစ်ကောင်စီရဲ့ မပခ စစ်တိုင်းဌာနချုပ်က ဝိုင်းမော်မြို့ကို အင်အားတွေဖြည့်နေတာ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသဘက်မှာလည်း ဇန်နဝါရီ ၃၀ရက် ညကနေစတဲ့ တိုက်ပွဲဟာ ဖေဖော်ဝါရီ ၆ရက်အထိ ရှိနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကို KIAက ခုခံတိုက်ခိုက်တဲ့ အနေအထားလို့ ရှင်းပြပါတယ်။ စစ်ကောင်စီဟာ အင်းတော်ကြီးဘက်မှာလည်း အင်အားတွေဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ပြောပြပါတယ်။

အင်းတော်ကြီးဘက်က စစ်ကြောင်းနဲ့ ဖားကန့်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းတွေကတော့ KIA ပူးပေါင်းတပ် ထိန်းချုပ်ထားတဲ့ လမ်းကြောတွေ နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သုံးသပ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပြီး တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသလို လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဂမ်ရှောင် အပါအဝင် ဝန်ထမ်းလုပ်သက် နှစ်(၅၀)ပြည်သူ ၃ဦးကို KIOက ရွှေတံဆိပ်ဆုပေးအပ်ခဲ့ပါတယ်။

မေးမြန်းခန်း

လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ ထူးခြားတဲ့ အကြောင်းအရာတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)အနေနဲ့ စစ်မြေပြင်မှာ အောင်ပွဲခံထားတဲ့ မြို့ရွာနယ်မြေဒေသတွေကို နိုင်ငံရေးနည်းအရ အောင်ပွဲခံဖို့ကြိုးစားနေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။