close
Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ် မီးရှို့

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က နတ်တလင်းမြို့နယ်က နေအိမ်တွေကို မီးရှို့နေစဉ်။ ဓာတ်ပုံ - ပေးပို့

ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းကစပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက နတ်တလင်းမြို့နယ် ဓမ္မငယ်ကျေးရွာအုပ်စုက အိမ်သုံးဆယ်နဲ့ မင်းဘူးကျွန်းကျေးရွာအုပ်စုက ဘန်ကောက်တန်း၊ တာဂွကျေးရွာက နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။

“ အလုံးရေတော့မသိရသေးဘူး။ ဒီကလှမ်းကြည့်တာတော့ အလုံးရေဆယ်ဂဏန်းတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်ကြာတယ် နေရာရွေ့ရွေ့သွားတာ မီးလုံးကြီးတွေ။ အိမ်သုံးဆယ်မှာတော့ အိမ်သုံးလုံး ရှို့သွားတယ် ကြားတယ်​” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီကျေးရွာက နေအိမ်တွေကို မင်းဘူးကျွန်းက ပျူတွေနဲ့ တောင်ညိုမြို့သစ်ရဲစခန်းက စစ်ကောင်စီတွေနဲ့ ပူးပေါင်းပြီး မီးရှို့နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓမ္မငယ်ကျေးရွာအုပ်စုနဲ့ မင်းဘူးကျွန်းကျေးရွာအုပ်စုက ကျေးရွာဒေသခံတွေဟာ လွန်ခဲ့တဲ့ နှစ်လခန့်ကတည်ူက ဒေသတွင်းတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

“ နှစ်လကျော်လောက်ထဲက တိုက်ပွဲတွေတောက်လျှောက်ဖြစ်တာလေ။ ဓမ္မငယ်တို့ တာဂွတို့ အမြဲတမ်းလိုလိုဖြစ်တာ။ ဓမ္မငယ်မှာဆိုလည်း သုံးကြိမ်လောက်ဖြစ်တာ။ အဲ့ထဲက ရှောင်ကြတိမ်းကြနေရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ရက်ကလည်း ပေါင်းတည်မြို့နယ် ကျွဲတဲကြီးကျေးရွာဘေးဆည်ဘောင်ပေါ်မှာရှိတဲ့ စစ်တပ်က နတ္တလင်းမြို့နယ် ကံသာယာကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ည ၁၁ ဝန်းကျင်မှာလည်း စစ်တပ်က နတ္တလင်းမြို့နယ် သခွတ်ကုန်းကျေးရွာအတွင်းကို ဒရုန်းနဲ့ လာရောက်ကြဲချခဲ့တာကြောင့် နေအိမ်နှစ်လုံးပျက်စီးခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် မေလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်ထိ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၃,၀၅၄ လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar က ကောက်ယူထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်တွေထဲ ပဲခူးတိုင်းထဲက နေအိမ် ၁,၅၄၀ လုံးပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျဝတီသကြားစက်အနီးရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်အချို့ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်ထက် စောပြီးလုပ် နေသလို ကြိုတင်မဲ တွေ ဖိအား ပေးပြီး ပေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ရက်ထက် စောပြီးလုပ်​နေသလိုကြိုတင်မဲ​တွေဖိအား​ပေးပြီး ​ပေးခိုင်းနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် - မန္တလေးလမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၂၀ဦးသေဆုံးကာ အများအပြား ထိခိုက်ပြီး ကစဉ့်ကလျား ဖြင့် စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားကြောင်း ပဲခူးခရိုင် ၃၇၀၂ တပ်ရင်းက...