close
Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူ​တွေအင်တာနက်သုံးတဲ့​နေရာကိုစစ်တပ်ဗုံးကြဲ

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတွေအင်တာနက်သုံးတဲ့နေရာတည့်တည့်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့ပြီး သုံးစွဲသူတွေမရှိတာနဲ့ လေကြောင်းသတိပေးချက် မိနစ်ပိုင်းကြိုတင်ရရှိခဲ့တဲ့အတွက် ဒေသခံတွေဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓါတ်ပုံ-ABA ၊ CJ

■​လေ​ကြောင်းသတိ​​ပေးချက်​ကြောင့်ပြည်သူထိခိုက်မှုမရှိဟုကနဦးသတင်းရရှိ

ဇန်နဝါရီ-၂၇၊၂၀၂၅။အိမ်သွင်/People’s Spring

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတွေအင်တာနက်သုံးတဲ့နေရာတည့်တည့်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့ပြီး သုံးစွဲသူတွေမရှိတာနဲ့ လေကြောင်းသတိပေးချက် မိနစ်ပိုင်းကြိုတင်ရရှိခဲ့တဲ့အတွက် ဒေသခံတွေဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

ပက်ခွက်ဆိပ်ကျေးရွာထဲက စတားလင့်အင်တာနက်သုံးတဲ့ အများပြည်သူနေရာကို ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁ နာရီကျော်မှာတစ်ကြိမ်၊ မွန်းလွဲ ၁နာရီခန့်မှ တစ်ကြိမ် စစ်တပ်က ဗုံးကြဲတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ဒေသခံတွေနေတဲ့ နေရာပါ။ညသန်းခေါင်ဆိုတော့ လာသုံးတဲ့သူတွေတော့မရှိဘူးပေါ့။ အချိန်ပိုင်းအသုံးပြုခွင့်ပေးထားတဲ့နေရာလေ။အဲ့ဒီမှာ နေတဲ့သူတချို့ကတော့ လေကြောင်းသတိပေးချက်ကြောင့် ကျင်းထဲပြေးဝင်နိုင်ခဲ့လို့ ဘေးကင်းသွားတာ။အကြဲခံရတဲ့နေရာကတော့ ကြေမွသွားတယ်” လို့ ရခိုင်သတင်းရင်းမြစ်ကပြောပါတယ်။

ပက်ခွက်ဆိပ်ကျေးရွာကို စစ်ကောင်စီကပစ်မှတ်ထားဗုံးကြဲနေပြီ ဒီနေ့တစ်နေ့တည်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးလေးကြိမ်ကြဲသွားတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်ထဲက စစ်တပ်စခန်းတွေကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေချိန်မှာ ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊လေကြောင်းကနေဗုံးကြဲတာတွေမကြာခဏပြုလုပ်နေပါတယ်။

ဇန်နဝါရီလ၂၀ရက်နေ့ညကလည်းပုဏ္ဏားကျွန်းမြို့နယ် နဲ့ ကျောက်တော်မြို့နယ်အစပ်ချောင်းတူကျေးရွာကိုလေကြောင်းကနေဗုံးကြဲခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းနဲ့သုံ့ပန်းမိသားစုဝင်၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ကျောက်ဖြူမြို့မှာလည်း စစ်တပ်ကလေကြောင်းကနေဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းနဲ့ ထိစပ်ဒေသအချို့မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ တိုင်းအတွင်းက မြို့နယ်အချို့မှာ ခြိမ်းခြောက်ပျံသန်းနေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့က ကျင်းကန်ကြီးရွာကို ပြီးခဲ့တဲ့လက စစ်ကောင်စီဗုံးကြဲခဲ့လို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၂နှစ် ၈လအရွယ် မေကံကောင်းဟာ ကျန်းမာရေးတိုးတက်ကောင်းမွန်နေပြီဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဝက်စားကုန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ PDF ရဲဘော်၆ဦးအပါအဝင် ၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Facebook