close
Connect with us

Hi, what are you looking for?

သတင်း

သံတွဲကိုစစ်တပ်ဗုံးထပ်ကြဲ နေအိမ်အချို့ မီးလောင်နေ

ဒီဇင်ဘာလ၂၉ရက်နေ့ကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ကိုးဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့တဲ့သံတွဲမြို့ကို ဒီကနေ့ညမှာ အာဏာသိမ်းစစ်ကထပ်မံဗုံးကြဲသွားပါတယ်။

ဓါတ်ပုံ-AA Infodesk

ဒီဇင်ဘာ-၃၁၊၂၀၂၅။အိမ်သွင်/People’s Spring

ဒီဇင်ဘာလ၂၉ရက်နေ့ကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ကိုးဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့တဲ့သံတွဲမြို့ကို ဒီကနေ့ညမှာ အာဏာသိမ်းစစ်ကထပ်မံဗုံးကြဲသွားပါတယ်။

သံတွဲမြို့၊အမှတ်(၁)ရပ်ကွက်အတွင်းကိုဒီဇင်ဘာလ (၃၁) ရက်၊ ညဦးပိုင်း ၇ နာရီ ၂၈ မိနစ်အချိန်မှာ စစ်ကောင်စီကဗုံးကြဲသွားလို့လူနေအိမ်အချို့မီးလောင်နေတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

ထိသေဆုံးမှုအ​ခြေအ​နေကို​တော့လောလောဆယ်

Public Service Announcement

Public Service Announcement

မသိရသေးဘူးလို့ AAက ထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ၂၉ရက်နေ့ညက သံတွဲမြိုနယ်၊ ငပလီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် သုံးဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၂၃ ဒဏ်ရာရခဲ့ပါတယ်။ နေအိမ် ၂၃ လုံးလည်းပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီကနိုင်ငံအနှံ့နေကြောင်းကနေ ဗုံးကြဲနေလို့ ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလမှာ ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ငပလီကမ်းခြေဒေသကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ရက် မနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၉ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံ ထောင်ချီထွက် ပြေးနေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်က ကျောင်းဖြူကန် ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မနက်ပိုင်းက (ဒီဇင်ဘာလ ၂၆ ရက်) စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။