close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လေတပ်ဝင်းအတွင်း ပေါက်ကွဲသံတွေထွက်ပေါ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီ‌ဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်က ရွေးကောက်ပွဲမဲပေးဖို့ လေ့ကျင့်နေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

ဒီဇင်ဘာ-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီ‌ဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” ဒီ‌နေ့လည်း မနက် ၇နာရီကတည်းက ဆူပွက်နေတာပဲ။ ပေါက်ကွဲသံတွေကြားနေရတယ်။ မြစ်( ဧရာဝတီမြစ်) အရှေ့ဘက်ကမ်းကရော၊ အနောက်ဖက်ကမ်းကရောကြားရတာ” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ကျေးရွာမှာရှိတဲ့ လေတပ်ဝင်းဟာ ဒီဇင်ဘာ ၂၅ရက် မနက် ၉နာရီခန့်မှာ တိုက်ခိုက်ခံရပြီး ဒီနေ့မနက်မှာလည်း ပေါက်ကွဲသံတွေ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” နမ့်ပေါင်ထဲကနေ လက်နက်ကြီးနဲ့ ပြန်ပစ်သံလည်းကြားတယ်။ ဆယ်မိနစ်တစ်ခါလောက် ကြားနေရတယ်။ စစ်ရေးကတော့ ဘာမှန်း ကျနော်တို့ပြောမတတ်ဘူး” လို့ မော်ဖောင်းရပ်ကွက်မှာ နေသူတစ်ဦးကပြောပါတယ်။

မနေ့က ဖြစ်စဉ်ဟာ နမ့်ပေါင်လေတပ်ထဲကို ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်လေယာဉ်တစ်စီးနဲ့နဲ့ ဟတ်စကီးတစ်စီးကို ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်း တိုက်ခိုက်ခံရမှုနဲ့ ဒီနေ့ထွက်ပေါ်နေတဲ့ပေါက်ကွဲသံတွေနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကို မသိရှိရသေးပါဘူး။

လေတပ်ဝင်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဒေသ လိုင်ဇာကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ လက်ရှိမှာ KIAဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုအရှိန်မြှင့်နေပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား လတ်တလော စစ်ရေးတင်းမာနေပြီး ဗန်းမော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ပူတာအို - ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရဲ့ တက္ကသိုလ်အသီးသီးမှာ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ ဝင်ခွင့်လျှောက်လွှာတွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်(KSCU)က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မှာ ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ဆဒုံးမြို့ကို စစ်ကောင်စီကဒီက​နေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။