close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ မှာ ရွာထဲဗုံးကြဲ လို့ သက်လတ်ပိုင်းအမျိုးသမီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်က ကျောင်းဖြူကန် ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မနက်ပိုင်းက (ဒီဇင်ဘာလ ၂၆ ရက်) စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - CJ

ဒီဇင်ဘာ- ၂၇၊၂၀၂၅ ၊ မေရီ၊ ဆိုင်းမင်း / People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်က ကျောင်းဖြူကန် ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မနက်ပိုင်းက (ဒီဇင်ဘာလ ၂၆ ရက်) စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – CJ

မနေ့ မနက်၉နာရီခွဲခန့်မှာကျောင်းဖြူကန်ကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ အသက် ၄၀ အရွယ် ဒေါ်အိဖြိုးဆိုသူ အမျိုးသမီး တစ်ဦးသေဆုံးပြီးအမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

“ နေအိမ်ပေါ်တည့်တည့်ကျပြီး ခန္ဓာကိုယ်နှစ်ပိုင်းပြတ်ပဲ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဂျက်တိုက်လေယာဉ်ဟာမန္တလေး တံတားဦးလေတပ်စခန်းကနေ လာရောက်ဗုံးကြဲတာလို့ သိရပါတယ်။

“ အမျိုးသမီးက နှစ်ပိုင်းပြတ်​သွားတယ်၊ အမျိုးသားတစ်ယောက်လည်း ပေါင်ထိသွားတာ အရမ်းများတယ်” လို့ အခြား ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒဏ်ရာရတဲ့အမျိုးသားကတော့ မြင်းခြံမြို့နယ်ထဲက တူရွင်းဘို့ကျေးရွာသားဖြစ်တယ််လို့သိရပါတယ်။

မြင်းခြံမြို့နယ်ထဲကကျေးရွာတွေကို ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စတင် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီးပါးက လွတ်ရာကို တိမ်းရှောင်နေရဆဲပါ။

ဆုံရွာ၊ရွာကြီး၊ကံနှောင်း၊ ကျောက်ပြုတ်စတဲ့ ရွာတွေဘက်မှာတော်လှန်ရေးတပ်တွေနဲ့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်တို့ကြား ဒီဇင်ဘာလ ၂၁ ရက်ကစတင်တိုက်ပွဲဖြစ်ခဲ့ပေမယ့်လတ်တလောမှာတော့ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ရက်ပိုင်းလိုတဲ့အချိန်ထိ နယ်မြေစိုးမိုးမှုမရသေးတဲ့ ဒေသတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားဗုံးကြဲနေတာပါ။

လက်ရှိ ဒီဇင်ဘာလအတွင်းမှာတင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၁၅၀ ကျော်သေဆုံးထားပြီး ၁၈၀ ထက်မနည်း ထိခိုက်ဒဏ်ရာရထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ က မြင်းခြံနယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ မြင်ကွင်း

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ မန္တလေးတိုင်း မြင်းခြံ နဲ့ နွားထိုးကြီးနယ်ထဲမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်းကျေးရွာ ငါးရွာက အိမ်ခြေ ၁,၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မ​နေ့ည​နေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း ၊မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် အများပြည်သူ ထိခိုက်မှု မရှိစေဖို့အတွက် မြင်းခြံ - နွားထိုးကြီး လမ်းပိုင်းကိုသွားလာတာမပြုလုပ်ဖို့ NUG အစိုးရ လက်အောက်ခံ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း က ဒီဇင်ဘာလ ၂၃ ရက်မှာထုတ်ပြန်အသိပေးပါတယ်။