close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရွေးကောက်ပွဲ အကြောင်းပြပြီး အစစ်အဆေးတင်းကျပ်

မန္တလေးမြို့မှာအာဏာသိမ်းစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်ရက်ပိုင်းအလိုမနေ့ (ဒီဇင်ဘာလ ၂၆ ရက်)ကစတင်ပြီး စစ်သား ၊ရဲ နဲ့ ပျုစောထီးပါဝင်တဲ့အဖွဲ့က မြို့ပေါ် နေရာတိုင်းနီးပါးမှာ စစ်ဆေးမှုတွေ ပြုလုပ်လာတယ်လို့မြို့ခံဆီကသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့မန္တလေးဝန်ကြီးချုပ်ဦးဆောင်ပြီး ရွေးကောက် ပွဲမှာ မဲပေးဖို့ လှုံ့ဆော်နေပုံ (ပုံဟောင်း

ဒီဇင်ဘာ – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာအာဏာသိမ်းစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်ရက်ပိုင်းအလိုမနေ့ (ဒီဇင်ဘာလ ၂၆ ရက်)ကစတင်ပြီး စစ်သား ၊ရဲ နဲ့ ပျုစောထီးပါဝင်တဲ့အဖွဲ့က မြို့ပေါ် နေရာတိုင်းနီးပါးမှာ စစ်ဆေးမှုတွေ ပြုလုပ်လာတယ်လို့မြို့ခံဆီကသိရပါတယ်။

စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့မှာ အင်အား ၂၀ ခန့်ရှိပြီး လမ်းသွားလမ်းလာတွေရဲ့ ဖုန်း ကို စစ်ဆေးတာ ၊ ကားနဲ့ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေး တာတွေ ပြုလုပ်နေတာပါ။

“ဒီနေ့(ဒီဇင်ဘာ၂၆)က တော်တော်ဆိုးဆိုးဝါးဝါးပဲ၊ လမ်းကြောတစ်ခုကို ငါး ဖွဲ့ထက်မနည်းပဲ တောက်လျှောက်စစ်ခံရတာ”လို့ ၃၅လမ်းမပေါ်မှာ စစ်ဆေးခံရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆေးရာမှာ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ကိုစစ်ဆေးတာမျိုးမဟုတ်ဘဲ တုတ် ၊ဓား၊လက်နက်တို့ကို အဓိကရှာဖွေတာလို့ သိရပါတယ်။

“ဘောင်းဘီအိတ်ကပ်တောင်မချန်ဘူး အကုန်ရှာတာ”လို့ ပုသိမ်ကြီးမြို့နယ်မှာ စစ်ဆေးခံရသူတစ်ဦးကပြောပါတယ်။

အဲဒီစစ်ဆေးရေးအဖွဲ့ဟာ ရွေးကောက်ပွဲရက်မေးမြန်းတာ၊ မဲပေးရမယ့် မဲရုံနေရာမေးမြန်းတာ၊ မဲစာရင်းသွားကြည့်မကြည့် စတာတွေကို မေးမြန်းတာရှိတယ်လို့ သိရပါတယ်။

မနက်ဖြန်ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ မန္တလေးတိုင်းက ရှစ်မြို့နယ် ပါဝင်ပြီး ကျောက်ဆည် ၊ညောင်ဦး ၊ပြင်ဦးလွင် ၊ ချမ်းအေးသာစံ ၊ မိတ္ထီလာ ၊ပျော်ဘွယ် ၊ရမည်းသင်းနဲ့ အောင်မြေသာစံမြို့နယ်တို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် တီးတိန့်မြို့ပေါ်နဲ့ ဒေသအတွင်းပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၂၆ရက်ကနေ စစ်တပ် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ရက်အတွင်း အပြင်ထွက်တာ ခရီးသွားလာတာ မလုပ်ကြဖို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF ဇိုလဲန်း)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း တနင်္သာရီမြို့နယ်u ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံ ကျိုးဟူသော စကားပုံကို မြန်မာနိုင်ငံသား အများစုသိကြပြီး ဖြစ်သည်။ ထွေထွေထူးထူး ရှင်းပြရန်လိုမည်မထင်ပါ။နယ်ပယ်အသီးသီးတွင်သုံးတတ်ကြ‌သော်လည်း အခြေခံ အဓိပ္ပါယ်အားဖြင့် အတူတူသာဖြစ်သည်။

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။