close
Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရပါတယ်။

ဒီဇင်ဘာ-၂၁၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၂၁ ရက်)မနက်ပိုင်းက ကျွန်လှမြို့နယ် သဖန်ဆိပ်ဆည်နဲ့ ဆည်အနောက်ခြမ်းက စစ်ကောင်စီတပ်စွဲတဲ့နေရာတွေ တိုက်ခိုက်ခံနေရတာလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက မနက် ၁၀နာရီကနေ နေ့လယ် ၂နာရီဝန်းကျင်အထိ ဂျက်ဖိုက်တာသုံးစီး နဲ့ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲပစ်ကူပေးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ လောလောဆယ်စစ်ရေးအရ ဖြေခွင့်မရသေးဘူး” လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ဖြစ်တဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် ဒီကနေ့ နေ့လယ် ၁၂နာရီခွဲဝန်းကျင်က စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အနောက်ခြမ်း အင်တိုင်းရွာ ပြည်သူ့စစ်စခန်း၊သဖန်းဆိပ်ဆည်နဲ့ ကုက္ကိုကုန်းရွာ ပြည်သူ့စစ်စခန်းတွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် ကျွန်းလှမီးအိမ်ရှင်တယ်လီဂရမ်က ဖြန့်ဝေထားပါတယ်။

ကျွန်းလှမြို့နယ်အနောက်ခြမ်းနဲ့ မြို့အထက်ပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ ကျေးရွာအများစုရှိပြီး ဒေသတွင်းအချက်အလက်တွေအရ ပြည်သူ့စစ် ၈၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်တွေမှာလည်း စစ်တပ် တပ်စွဲထားတဲ့ နေရာနဲ့ ပြည်သူ့စစ်ဖွဲ့စည်းပေးထားတဲ့ ကျေးရွာ ၂၀ ကျော်ရှိတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောထားပါတယ်။

မနေ့က(ဒီဇင်ဘာ ၂၀ ရက်) ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်က စစ်တပ် ဂိတ်စခန်းနေရာတွေ တိုက်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံတပ်ရင်းတွေက အတည်ပြုထုတ်ပြန်တာ မရှိ​​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တန့်ဆည် တိုက်ပွဲ၌ အရာရှိအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် အနီးအနားတဝိုက်ရှိ ဒေသခံများ​၏ စပါးခင်းများအား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းကာ ခိုးယူသယ်ဆောင်နေကြောင်းသိရသည်။

သတင်း

နိုဝင်ဘာ ၈ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ဦးအား သတ်ဖြတ်ကာ သုံးဦးအား ဖမ်းဆီးသွားသည်။