close
Connect with us

Hi, what are you looking for?

သတင်း

ကြေးနီတင်ယာဥ်တွေဖြတ်သန်းလာလို့ စစ်တပ်က ရမ်းပစ်နေတာကြောင့် မုံရွာ-မန္တလေးလမ်းပိုင်း ကားတွေပိတ်မိနေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းတွင် လမ်းပိတ်၍ ရပ်ထားရသော ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

​ဒီဇင်ဘာ ၂၀၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ကြေးနီတင်ယာဥ်တန်းတွေဟာ မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာလာပြီး ယာဥ်တန်းလုံခြုံရေးအတွက်ဆိုကာ လမ်းပိုင်းပေါ်က စစ်ကောင်စီဂိတ်တွေက ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ငါးယှန်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရမ်းသမ်းပစ်ခတ်နေတာကြောင့် မုံရွာ-မန္တလေးလမ်းပေါ်က နတ်ရေကန်ဂိတ်မှာ ကားတွေပိတ်မိနေတယ်လို့ ကားသမားအချို့က ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားနိုင်တာကြောင့် ကြေးနီတင်ယာဥ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့နဲ့ အရေးကြီးကိစ္စကလွဲပြီး ခရီးအသွားအလာတွေ သတိပြုသွားလာကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးနေပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ခင်ဦး၊ ဝက်လက်နယ်တွေမှာ ခရီးသွားတွေ စစ်ဘေးရှောင်တွေကိုပါ လေကြောင်းတိုက်ခိုက်နေပြီး ပြည်သူဆယ်ချီ သေဆုံးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ Starlink(စတားလင့်)အင်တာနက်အသုံးပြုမှုကို စစ်ရေးအရ ဒီနှစ်ကုန်အထိ ပိတ်သိမ်းထားဖို့ အင်းတော်ပအဖက ညွှန်ကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ သစ်ဖုလစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။