close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၁၈) မှာ ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ GSCB

ဒီဇင်ဘာ-၁၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၁၈) မှာ ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” ၊ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဟူသော စာသားတွေ ကိုင်ဆောင်ပြီး ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက” သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

ရသ

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မုသား​တွေ ၊အဆီအ​ငေါ်မတည့်တဲ့စကား​တွေ၊ မရယ်ရတဲ့ပျက်လုံး​တွေပိုပြီးကြားလာရပါတယ်။အရပ်ထဲ၊ရွာထဲ၊မြို့ ထဲ၊ဈေးထဲအထိ လေနဲ့လွင့်လာသလို ဖျတ်ခနဲပေါ်လာကြတဲ့ ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း ရောင်စုံစေတနာ့ရှင် တွေကိုလည်း အွန်လိုင်းပေါ်ကနေတွေ့ရပါတယ်။

သတင်း

ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုပြုလုပ်သွားပါတယ်။

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (ဒီဇင်ဘာ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။