close
Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဩစတေးလျရောက် မြန်မာလူထုတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၀ရက်က ပါ့သ်မြို့က Corkburn Youth Centre မှာကျင်းပခဲ့ပြီး ပြည်သူတွေရဲ့ မေးမြန်းမှုတွေကို ဝန်ကြီးက ဖြေကြားပေးခဲ့ပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။ People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၀ရက်က ပါ့သ်မြို့က Corkburn Youth Centre မှာကျင်းပခဲ့ပြီး ပြည်သူတွေရဲ့ မေးမြန်းမှုတွေကို ဝန်ကြီးက ဖြေကြားပေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဝန်ကြီးဒေါ်ဇင်မာအောင်က နွေဦးတော်လှန်ရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၄နှစ်တာကာလအတွင်း အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေအပြင် ၂၀၂၆အတွက် ပြင်ဆင်မှုတွေနဲ့ စိန်ခေါ်မှုတွေ အကြောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ဆိုပါတယ်။

ဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁၄ရက်ကလည်း ကိုရိးယားရောက်မြန်မာတွေနဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတွေ့ဆုံပွဲမှာလည်း ဝန်ကြီးဒေါ်ဇင်မာအောင် က နိုင်ငံရေးအခြေအနေတွေ၊ NUG ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး အစီအမံတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်တပ်ရွေးကောက်ပွဲအလွန်တော်လှန်ရေးလျာထားချက်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

NUGအနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ နိုင်ငံခြားရေးနည်းလမ်းအရလည်း လုပ်ဆောင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိရေး၊ အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုမှုမရရှိစေရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အပါအဝင် လက်တွေ့ကျတဲ့ နိုင်ငံတကာပံ့ပို့မှုတွေရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့လည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေရဲ့ တရားဝင်ဖိတ်ကြားမှုတွေအရ ပြည်ပခရီးစဉ်တွေ သွားရောက်ကာ နိုင်ငံတကာနဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်နေကြောင်း NUGက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက သားဖြစ်သူကိုထိန်လင်း စိတ်ပူသလိုပဲ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု - SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ဖွဲ့စည်းခဲ့မှုအပေါ် ကြိုဆိုပြီး ညီညွတ်ရေးအားကောင်းအောင် စုဖွဲ့နိုင်မှုဟာစစ်ကောင်စီအကြောက်ဆုံးအရာဖြစ်တယ်လို့အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက မနေ့(ဒီဇင်ဘာ၁၀ရက်)မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲကာ လူအစုအလိုက်၊အပြုံလိုက်သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကမ္ဘာကြီးသိမြင်ကာ ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။