close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး စကားလုံးသုံးလို့ ဆိုပြီး အမတ်လောင်းတစ်ဦးကို စစ်ကောင်စီ စစ်ဆေးမယ်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို တော်လှန်ရေး လို့ ပြောဆိုမဲဆွယ်တဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းရဲ့ ပြောဆိုချက်ဟာ ရွေးကောက်ပွဲဥပဒေ နဲ့ ငြိစွန်းမှု ရှိ မရှိ စစ်ဆေးမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ – ၁၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို တော်လှန်ရေး လို့ ပြောဆိုမဲဆွယ်တဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းရဲ့ ပြောဆိုချက်ဟာ ရွေးကောက်ပွဲဥပဒေ နဲ့ ငြိစွန်းမှု ရှိ မရှိ စစ်ဆေးမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေဝင်ပြိုင်မယ့် ဦးလွင်မြင့်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လှုပ်ရှားမှုတွေကို “တော်လှန်ရေး” လို့ ပြောဆို မဲဆွယ်တာကြောင့် အကြမ်းဖက်အားပေးဖြစ်ပြီး ကိုယ်စား လှယ်လောင်း အရည်အချင်း နဲ့ ကိုက်ညီမှု မရှိဘူးလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အချို့က လှုံ့ဆော်ပါတယ်။

အဲဒီနောက် အမျိုးသားရေးလှုပ်ရှားသူလည်းဖြစ် ၊ စစ်အာဏာသိမ်းမှုကိုထောက်ခံသူလည်းဖြစ်တဲ့ နောင်တော်လေး ထူထောင်ထားတဲ့ ဝါဒဖြန့် မီဒီယာ Myanmar National Post က ဦးလွင်မြင့် ရဲ့ပြောဆိုချက်ကို စစ်ဆေးပေးဖို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် ကိုမေးခွန်းထုတ်တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း နောင်တော်လေးရဲ့ တင်ပြချက် မှန်ကန်ရင် ဦးလွင်မြင့်ကို အရေးယူမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပြည်သူ့ပါတီရဲ့ Tiktok အကောင့်ခ်မှာ ဦးလွင်မြင်က ရုပ်သံ နဲ့ မဲဆွယ်ရာမှာ သူရဲ့ အဖေ ၊ သူ့ကိုယ်တိုင်နဲ့ သူ့ရဲ့သား အပါအဝင် မျိုးဆက် သုံး ဆက် ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီး ပြည်သူ့အတွက် ထောင်ပဲကျကျ လုပ်ကိုင်ဆောင်ရွက်သူတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချရမယ်လို့ ပြောထားတာပါ။

သူ့ရဲ့ ဖခင်ဟာ တစ်ပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဆန့်ကျင်လို့ကိုကိုးကျွန်းမှာ အကျဉ်းကျခဲ့သူဖြစ်တယ်လို့ ဦးလွင်မြင့်ပြောပါတယ်။

သူ့ကိုယ်တိုင်ကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ အင်းစိန်ထောင် ၊ သရက်အကျဉ်းထောင်တွေမှာ ကျခံခဲ့ရသလို ၊ သားဖြစ်သူကလည်း ၂၀၂၁ တော်လှန်ရေးမှာ ထောင်ကျပြီး ပြီးခဲ့တဲ့ လပိုင်းကမှ ပြန်လွတ်လာတာလို့ ဦးလွင်မြင့်က ဆိုထားပါတယ်။

ဦးလွင်မြင့် ကိုယ်စားပြု တဲ့ ပြည်သူ့ပါတီဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပါတီပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ရန်ကုန်တိုင်း ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် လေဘာပါတီ (Labour Party ) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ ဟာ CDM လှုပ်ရှားမှု ထောက်ခံတဲ့ ပုံကိုဖေ့ဘွတ်ခ်မှာ တင်ထားခဲ့တဲ့ မှတ်တမ်း တွေ့ ရတာကြောင့် အကြမ်းဖက်အားပေးဖြစ်တဲ့အတွက် စိစစ်သင့်တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက လှုံ့ဆော်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကာကွယ်​ပေးပြီး ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ ‌အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

မေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့မေးမြန်းခန်း

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။