close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ပွဲဆူ​နေတဲ့ရွှေမန်းဆိုတာဘယ်သူလဲ

မင်း​အောင်လှိုင်သမီး ခင်သီရိသက်မွန်နဲ့အတူ ဝင်း​မင်း​မောင် (​ခေါ်) ​ရွှေမန်း (တိုက်ပုံအနက်) ကို 7th Sense ပွဲမှာ​တွေ့ရစဥ်

ဆည်းဆာ/People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သမီးခင်သီရိသက်မွန်အတွက် အနုပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ နာမည်ခံလုပ်ပေးနေတဲ့ ဝေမင်းမောင်(ရွှေမန်း) ရဲ့ မဂ်လာ​ဆောင်ကအစပြုပြီး လူမှူရေးအရှုပ်တော်ပုံတွေက ဒီရက်ပိုင်းလူမှုကွန်ယက်မှာ လူ​ပြောအများဆုံးအ​ကြောင်းအရာတစ်ခုဖြစ်နေပါတယ်။

ဝေမင်းမောင်ကမန္တလေးဇာတိဖြစ်ပြီး မီဒိီယာလောကထဲကို MRTV-4 ရုပ်သံလိုင်းမှာ အလုပ်စဝင်လုပ်တာက​နေ ​ရောက်လာသူဖြစ်ပါတယ်။

“ မိသားစုက အရမ်းချမ်းသာတယ်လို့တော့ မကြားဖူးပါဘူး။ မန္တလေးမှာတော့ လူသိများတဲ့သူတော့ မဟုတ်ပါဘူး။ အကောင်တွေနဲ့ ပေါင်းပြီးမှ ထောသွားတာဖြစ်မယ်” လို့ မန္တလေးဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

MRTV-4 မှာဘောလုံးသတင်းတင်ဆက်သူအနေနဲ့ လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ စစ်တပ်နဲ့သက်ဆိုင်တဲ့ အဆက်အစပ်တွေ​ရခဲ့ပြီးတဲ့နောက် ကိုယ်ပိုင်မီဒီယာ ကုမ္ပဏီ Myanmar Media 7 ကို ၂၀၁၅ ခုနှစ်လောက်မှာစတင် တည်ထောင်ခဲ့တာလို့ သိရပါတယ်။

အဲဒီ့ကနေတစ်ဆင့် မင်းအောင်လှိူင်သမီး ခင်သီရိသက်မွန် ၊ ACE ဦးတင့်ဆန်းသား စံကိုကိုတင့်ဆန်း ၊ ခရိုနီ နိုင်ဖြိုးကျော်တို့ နဲ့ 7th Sense ထုတ်လုပ်ရေးကို ၂၀၁၇ မှာ စတင်လုပ်ကိုင်ခဲ့တာပါ။ နိုင်ဖြိုး​ကျော်က မင်းသမီး ဝတ်မှုန်​ရွှေရည်ရဲ့ ​​ယောကျာ်းဖြစ်ပါတယ် ။

ဒါ​ကြောင့်ကိုယ်စွမ်း ကိုယ်စ နဲ့ ကြိုးစားလို့ကြီးပွားချမ်းသာ လာတာမျိုး မဟုတ်ပဲ တပ်ချုပ် မင်း​အောင်လှိုင် သမီး ခင်သီရိသက်မွန် တို့နဲ့ ​ပေါင်းပြီး လုပ်ပိုင်ခွင့်​​တွေ ၊​ငွေ​ကြေးအ​ထောက်အပံ့အများအပြားရပြီး ချမ်းသာလာသူသာဖြစ်တယ်လို့ သူ့ကိုသိသူ​တွေက​ပြောကြပါတယ် ။

စစ်တပ်က အနုပညာ​လောကကို ​ငွေပုံ​ပေးပြီး ချုပ်ကိုင်ဖို့ အစီအစဥ်ကို ခင်သီရီသက်မွန်နဲ့ သူတို့အုပ်စုက အ​ကောင်အထည်​ဖော်​ပေးခဲ့ရတာဖြစ်ပါတယ်။ ဒါ​ကြောင့်စစ်တပ် ​ကျော​ထောက်​နောက်ခံ 7th Sense ဟာ အချိန်တိုအတွင်း ဘယ်ရုပ်ရှင်ထုတ်လုပ်​ရေးကမှ ​ငွေ​ကြေးပိုင်းမယှဥ်နိုင်ခဲ့ပါဘူး။

ပြည်တွင်းနမည်ကြီး မင်းသား၊မင်းသမီး အများစုကို ​ဈေးကွက်မှာ မ​ပေါက်​သေးတဲ့ ကျပ်သိန်း​ထောင်ချီ​ပေး စာချုပ်ချုပ်ဝယ်ယူခဲ့တာပါ။ မြင့်မြတ် ၊​နေတိုး ၊ဝတ်မှုံ​ရွှေရည် စတဲ့သရုပ်​ဆောင်​တွေလည်းအပါအဝင် ဖြစ်ပါတယ် ။ 7th Sense ​​ငွေပုံ​ပေး ဝယ်လို့မရတဲ့ ရှားရှားပါးပါး အနုပညာရှင်အချို့ပဲ ရှိခဲ့ပြီး အဲဒီထဲမှာ ​ဒေါင်း ပါဝင်ပါတယ်။

7th Sense က ရုပ်ရှင်ထုတ်လုပ်ရေး အနေနဲ့ အဓိကလုပ်ဆောင်တာဖြစ်ပြီး အခြားအမည်တွေနဲ့လည်း ထုတ်လုပ်ရေးတွေလုပ်ခဲ့တာရှိပါတယ်။

ဒါအပြင် မင်း​အောင်လှိုင် သမီး ခင်သီရိသကိမွန် အဓိကပါဝင်တာ​ကြောင့် လွတ်လပ်တဲ့သတင်းဌာန​တွေရဲ့ ​​စောင့်ကြည့်စုံစမ်း​ဖော်ထုတ်​ရေးသားမှု​တွေ​ကြောင့် ​နောက်ပိုင်းမှာ အမည်​ပြောင်း ၊အမည်ခွဲများစွာနဲ့ လည်းလုပ်ငန်း​တွေလုပ်ခဲ့ပါတယ်။

Myanmar Media 7 နာမည်နဲ့ မီဒီယာလုပ်ငန်းတွေလုပ်ဆောင်ခဲ့သလို အဆိုတော်တွေအတွက် Joox Application ၊ V7 Entertainment တို့ကိုလည်းလုပ်ခဲ့ပါတယ်။ဒါ့အပြင် သူတို့ရဲ့ ကိုယ်ပိုင် အနုပညာမီဒီယာ အနေနဲ့လည်း Cele 7 နာမည်နဲ့ လှုပ်ရှားမှူတွေ ပြုလုပ်ခဲ့ပါသေးတယ်။

စစ်အုပ်စုအာဏာသိမ်းမှု ကြောင့် မင်းအောင်လှိုင် နဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ စီးပွါးရေး လုပ်ငန်းတွေကို အမေရိကန် အစိုးရက ၂၀၂၁ မတ်လမှာ ပထမဆုံးအသုတ် အ​နေနဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာမှာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့ပါတယ်။

7th Sense အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ ပြင်းထန်တဲ့သပိတ်မှောက်မှု(Boycott) ကြောင့် လှုပ်ရှားမှူတွေ ယာယီရပ်တန့်ခဲ့ပေမယ့် ၂၀၂၃ ကစပြီး ရုပ်ရှင်ကားတွေကို ထုတ်လုပ်ရေးနာမည်တွေပြောင်းပြီး ရုံတင်ခဲ့တာတွေရှိပါတယ်။

လက်ရှိမှာတော့ Hey Play ၊ Show Like စတဲ့ Application တွေအပြင် ထုတ်လုပ်ရေးနာမည်တွေ အမျိုးမျိုးပြောင်းလဲထားတဲ့ ဇာတ်ကားတွေနဲ့ ပြည်သူတွေ ကိုကွက်ကျော်ရိုက်လုပ်စားနေခဲ့တာပါ။

ဒီကာလမှာတော့ ရုပ်ရှင်တွေသာ မဟုတ်ပဲ ပြည်သူတွေအကြား အားပေးမှုများလာတဲ့ ဇာတ်လမ်းတွဲရိုက်ကူးရေးတွေကိုလည်းလုပ်လာခဲ့တာပါ။

7th Sense အနေနဲ့ မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ နေတိုး ၊ မြင့်မြတ် နဲ့ ဝတ်မှုံရွှေရည်တို့ကို တိုက်ပိုင်အနုပညာရှင် တွေ အနေနဲ့ အနုပညာကြေး မတန်တဆပေးကာ စာချုပ်ချုပ်ဆိုထားခဲ့တာပါ။ သူတို့ကိုဘာ​ကြောင့် ​ငွေ​ပုံ​ပေးပြီး စာချုပ် ချုပ်ထားလဲဆိုတာ ဒီ​နေ့အခါမှာ​တော့ ရှင်းလင်းသွားပြီဖြစ်ပါတယ်။စစ်တပ်အတွက် ဝါဒဖြန့်ဇာတ်ကားရိုက်​ပေးရတဲ့အခါ ဒီသရုပ်​ဆောင်​တွေကပဲ ​ရှေ့ဆုံးကထွက်လာပြီး သရုပ်​ဆောင်​ပေးကြရတာဖြစ်လို့ပါ ။

ဒါအပြင်၂၀၂၀ ကိုဗစ်ကာလမှာ 7 Sense အနေနဲ့ မျက်နှာသစ်သရုပ်ဆောင်တွေ မွေးထုတ်ဖို့ဆိုပြီး လူသိများတဲ့ လူငယ်တွေကို သင်တန်းတွေဖွင့်ပေးခဲ့တာတွေရှိပါတယ်။7th Sense အနေနဲ့ နာမည်မသုံးထားပေမယ့် သူတို့နဲ့ပဲ လက်တွဲလို့ရတဲ့ အနုပညာရှင်တွေအပါအဝင် မျက်နှာသစ် သရုပ်​ဆောင်တွေပါဝင်တဲ့ ဇာတ်ကားရိုက်ကူးမှုတွေက ထုတ်လုပ်သူ ဘယ်သူဆိုတာကို အတည်ပြုပေးနေပါတယ်။

ပြည်သူ​တွေအ​ပေါ်မှာ လွှမ်းမိုးနိုင်စွမ်းကြီးတဲ့အနုပညာ​လောကကို စစ်တပ်က ချုပ်ကိုင်နိုင်ဖို့ စီမံကိန်း​တွေမှာ ခင်သီရိသက်မွန် ရဲ့ ကိုယ်စား ​ရွှေမန်း (​ခေါ်) ​ဝေမင်း​မောင် က အဓိက လုပ်ခဲ့ရတာဖြစ်ပါတယ် ။​ဝေမင်းမောင်က ​အနုပညာနဲ့ပတ်

သက်တဲ့ ရုပ်ရှင် ၊ ဂီတ ၊ သဘင် စတဲ့နေရာတိုင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်ခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။

အထက်မှာပါတဲ့ ရုပ်ရှင် ၊ ဂီတနဲ့ပတ်သက်တာတွေအပြင် သဘင်နဲ့ပတ်သက်ပြီးတော့လည်း ကိုဗစ်ကာလက မာလာမြိုင်စိုက်ပျိုးရေး ကုမ္ပဏီနဲ့ ပူးပေါင်းကာ တင်မောင်ဆန်းမင်းဝင်း ၊ ဟန်ဇာမိုးဝင်းတို့နဲ့ ရုပ်သံလိုင်းကနေ အပတ်စဉ်တင်ဆက်မှုမျိုးတွေလုပ်ဆောင်ခဲ့ပါ​သေးတယ်။စစ်တပ်အာ

ဏာသိမ်းပြီး​​​​နောက်ပိုင်းမှာလည်း ပြည်သူ​တွေကို​တော်လှန်​ရေးဘက်အာရုံမ​ရောက်​အောင် ၊အားလုံးအဆင်​ပြေ​နေသ​ယောင် ဝါဒဖြန့်ဖို့ 7th Sense အုပ်စုကပဲ ​​ငွေအများအပြားသုံး ၊အမည်မျိုးစုံ​ပြောင်း ပွဲမျိုးစုံလုပ်ခဲ့တာမှာလည်း ​ဝေမင်း​မောင်က မပါမဖြစ်ပဲဖြစ်ပါတယ် ။

စစ်တပ်က​နေစဥ်ပြည်သူ​တွေကိုသတ်ဖြတ် ၊ရွာ​တွေကို မီးရှို့ ၊ဗုံး​တွေကြဲ​နေချိန်မျိုးမှာ သူ့ရဲ့ Hey Play က ရန်ကုန်မြို့က Novotel ဟိုတယ်မှာ ၂၀၂၄ ခုနှစ်မှာ အနုပညာရှင်အစုံနဲ့ “ တကယ်ဆိုရင်အချစ်ပဲလိုတယ်” ဆိုတဲ့ ဂီတပွဲ​တော်ကို ခမ်းခမ်းနားနားလုပ်တာမျိုး​တွေပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှာ​တော့ သူတို့အုပ်စုဟာ အနုပညာလုပ်ငန်းတင်မကပါ အခြား​သောလုပ်ပိုင်ခွင့်​တွေများစွာရခဲ့ပါတယ်။ မင်း​အောင်လှိုင် သမီးအရှိန်နဲ့ နိုင်ဖြိုး​ကျော်ဦး​ဆောင်ပြီး လျှပ်စစ်ကားတင်သွင်းတာ ၊ဆိုလာပြားတင်သွင်း​ရောင်းချတာ စတဲ့အမြတ်များများ ၊လွယ်လွယ်ရနိုင်တာ​တွေကိုထိလုပ်ခဲ့ကြတာပါ။

မင်း​အောင်လှိုင် သမီးရဲ့ စီးပွားဖက် ဝေမင်းမောင် ဟာ အနုပညာရှင်တွေကို ဘယ်​လောက်သိမ်းသွင်းထားနိုင်သလဲဆိုတာ သူ့မင်္ဂလာပွဲကို ကြည့်ရင် သိနိုင်ပါတယ်။စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဖို့အတွက် စစ်ဆေးအရေးယူခံခဲ့ရတယ်ဆိုတဲ့ ဖွေးဖွေးက အစ ပန်းကြဲပေးခဲ့တာပါ။

ဝေမင်းမောင်ရဲ့ မင်္ဂလာဆောင်တစ်ခုလုံးမှာ အနုပညာရှင်တွေ အကုန်လုံးလိုလို အခန်းကဏ္ဍအသီးသီးမှာပါဝင်ခဲ့တာပါ။တစ်ချိန်က ဖျော်ဖြေပွဲဆိုဖို့ ကိန်းခန်းကြီးတဲ့ အိုင်းရင်းခရော့ခ် အဖွဲ့က ဒီမင်္ဂလာဆောင်မှာလာ ဖျော်ဖြေရတာကို ကြည့်ရင်တောင်သိနိုင်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်တော်သားတွေကို Boycott ပြုလုပ်ဖို့ တိုက်တွန်းတဲ့ Ma Thone Nae ရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း ဝေမင်းမောင်ကို Boycott ပြုလုပ်ဖို့ ထပ်မံဆော် သြထားပါသေးတယ်။

လတ်တ​​လောအွန်လိုင်းမှာ ပွဲဆူ​နေတာကတော့ ဝေမင်းမောင် ရဲ့ရည်းစား​ဟောင်း အမျိုးသမီးက သူတို့ဆက်ဆံရေးနဲ့ပတ်သက်ပြီး မဆိုင်သူတွေက သူ့နာမည်တပ် ​ဝေဖန်အပုပ်ချတာတွေကိုတုံ့ပြန်ဖို့ဆိုပြီး ပို့စ်တွေတင် ၊ Live တွေလွှင့် ​ပြောတာက​နေပွဲပိုစည်​နေပါ​တော့တယ်။နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီလောက်မှာ Live လွှင့်ခဲ့တာဖြစ်ပေမယ့် ကြည့်ရှူသူက သန်းနဲ့ချီကိုရှိခဲ့တာပါ။

ဒီဖြစ်စဉ်မှာဝေမင်းမောင်ဘက်ကနေ ရေးသားခဲ့တဲ့ သရုပ်ဆောင်ထွန်းထွန်းရဲ့ စာအရှည်ကြီးကြောင့်ပါပဲ။ထွန်းထွန်းရဲ့ ရေးသားမှုတွေက ဘက်လိုက်ပြီး ရည်းစားဟောင်းအပေါ် စော်ကားပြောဆို ခြိမ်းခြောက်တာတွေဖြစ်ခဲ့တာကြောင့် ရည်းစားဟောင်း မင်းသမီးက Live လွှင့်ဖြေရှင်းခဲ့တာပါ။

ဒီနေ့မနက်မှာတော့ ဝေမင်းမောင်ကိုယ်တိုင် အသုံးပြုတဲ့ Shwe Mann အကောင့်ကနေ “ နှစ်ဦးနှစ်ဖက် တင်နေကြရင် မပြီးကြတော့ဘူး ။တင်ထားတာတွေ ပြန်ဖြုတ်လိုက်ကြပါတော့ ။ တော်ကြတော့မယ် ။ တခြားသော ဖွနေကြတဲ့ မီဒီယာPage တွေလည်း မေတ္တာရပ်ခံပါတယ်။ ထပ်မတင်ကြပါနဲ့တော့” လို့ ရေးသားခဲ့ပါတယ်။

အဲဒီ့ပို့စ်အောက်မှာ ရည်းစားဟောင်းမင်းသမီးကို ထွန်းထွန်းကတောင်းပန်ထားတာတွေ့ရပြီး နောက်ပိုင်းမှာတော့ ထွန်းထွန်းက ပို့စ်ကို ဖျက်လိုက်သလို ရည်စားဟောင်းမင်းသမီးရဲ့ Live လည်း မတွေ့ရတော့ပါဘူး။

ဒါပေမယ့် Live ထဲမှာပြောခဲ့တဲ့ ” မြင်မြင်ချင်းသဘောကျတယ်၊ စိတ်ဝင်စားတယ်။ မပူနဲ့ ၊ သူကဝါးလုံးကား​ကြီး ဖြတ်သွားတောင် သဘောကျတယ်” ဆိုတဲ့ နေရာလေးကို ဗီဒီီယိုဖြတ်တင်ပြီး ​ဖေစ်ဘွခ်အသုံးပြုသူ​တွေကနောက်ပြောင်ရေးသားမှူတွေလည်း ရှိပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင်ရက်ကလည်း ရည်းစားဟောင်း မင်းသမီးက သူနဲ့လေးနှစ်တာ တွဲခဲ့တဲ့ အချိန်အတွင်းမှာ ဖောက်ပြန်မှု အကြိမ် ၅၀ လောက်ကြုံခဲ့ရတယ်လို့ ပြောထားသေးတာကြောင့် လူမှုကွန်ရက်အသုံးပြုသူတွေက ဝါလုံးကားနဲ့ပတ်သက်ပြီး မှတ်ချက် အမျိုးမျိုးရေးသားနေကြတာပါ။

အနုပညာရှင်တွေဝန်းရံပြီးမင်္ဂလာပွဲတွေ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လူမှူရေး အရှုပ်အရှင်းကိစ္စတွေကြောင့်ရွှေမန်း ခေါ် ဝေမင်းမောင်တစ်ယောက် လူအများရဲ့ ​ဝေဖန်မှုခံ​နေရပြီဖြစ်ပါတယ်။

ဒါ​ပေမယ့် အနုပညာမီဒီယာ အမည်ခံ​တွေက ​ဝေမင်း​မောင်ဆိုတာ ဘယ်လိုလူလဲ ၊ဘယ်လိုကြီးပွားလာတာလဲ ဆိုတာ မတူးဆွ ၊မ​ဖော်ထုတ်ရဲကြဘဲ အ​ပေါ်ယံပဲ​​ဖော်ပြကြပါတယ်။ ဒါ​ကြောင့်ပြည်သူအများစုကလည်း မင်း​အောင်လှိုင် သမီး ရဲ့ သူငယ်ချင်းမှန်း ၊ သပိတ်​မှောက်ရမယ့်သူမှန်းမသိကြ​တော့တဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။

ဒါ​ကြောင့် စစ်အုပ်စုနဲ့ ပတ်သက်တဲ့လုပ်ငန်း​တွေကို သပိတ်​မှောက်ဖို့ ဆော်​သြ​ပေး​နေတဲ့ မသုံးနဲ့ (Ma Thone Nae) ​ဖေစ်ဘွခ်က” စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာလည်း နေ့စဥ် ပြည်သူလူထုကို ဖမ်းဆီး၊ သတ်ဖြတ်၊ ​ကျေးရွာတွေကို မီးရှို့၊ လေကြောင်းကနေ ပြည်သူတို့နေအိမ်တွေကို အကြီးအကျယ် ဗုံးကြဲနေတဲ့ ရာဇဝတ်မှုတော်တော်များများကို ကျူးလွန်နေသူတွေပါ။ ဒီလို ရာဇဝတ်တွေကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်သတင်းတွေကို အာရုံလွှဲနိုင်ဖို့အတွက် စစ်ခေါင်းဆောင်ရဲ့ သမီးခင်သီရိသက်မွန်တို့အုပ်စုက ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ဝါဒဖြန့် အာရုံလွှဲဖို့ကြိုးစားနေတာဖြစ်ပါတယ်” လို့ ဒီက​နေမှာ ​ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။

သတင်း

Joox Musicသည် တရုတ်နည်းပညာကုမ္ပဏီ Tencentပိုင်ဆိုင်ထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သမီးခင်သီရိသက်မွန်နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အတွေးအမြင်

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ရှယ်ယာဝင်ထား​သောမိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေ​နေ​သော Pinnacle Asia ကုမ္ပဏီနှင့် MyTel ၊ ကမ္ဘာ့ဘဏ်လက်​အောက်ရှိ IFC ၊ ဦးသိမ်း​ဝေပိုင်ဆိုင်​သော ရိုးမဘဏ် ၊ ဦး​တေဇ၏ AGD ဘဏ်တို့ကြား လျှိုဝှက်​သော အကျိုးစီးပွားဆက်သွယ်မှုများကို Justice for...

Facebook