close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်းဖိုင်တွေ ထုတ်ပြန်ရေး ထောက်ခံမဲပေးဖို့ ထရမ့်တိုက်တွန်း၊ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူးလို့ဆို

အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အောက်လွှတ်တော်ရဲ့ အဆိုပြုမှုမှာ ပါဝင် ထောက်ခံမဲ ပေးသင့်ကြောင်း သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အမတ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရဆီမှာ ဖုံးကွယ်ထားချင်တဲ့ ဘာအကြောင်းရင်းမှ ရှိမနေလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ - Getty Images

အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အောက်လွှတ်တော်ရဲ့ အဆိုပြုမှုမှာ ပါဝင် ထောက်ခံမဲ ပေးသင့်ကြောင်း သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အမတ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရဆီမှာ ဖုံးကွယ်ထားချင်တဲ့ ဘာအကြောင်းရင်းမှ ရှိမနေလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂၀၁၉ ခုနှစ်က အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သူ သက်ငယ်မုဒိမ်းမှု၊ လူမှောင်ခိုမှု တရားခံ ဂျက်ဖရီ အပ်စတိန်းရဲ့ အမှုအကြောင်း စုံစမ်းစစ်ဆေးထားတဲ့ မှတ်တမ်းတွေကို အပ်စတိန်း ဖိုင်တွေလို့ ခေါ်ပါတယ်။ အဲဒီ ဖိုင်တွေဟာ ထရမ့်ရဲ့ သမ္မတ သက်တမ်းမှာ အာရုံနောက်စရာ အကောင်းဆုံး အနှောင့်အယှက်တွေလည်း ဖြစ်လာခဲ့ပါတယ်။

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ခဲ့သူ အပ်စတိန်းဟာ ထရမ့်အပါအဝင် နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာ ကြယ်ပွင့်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်လာပြီးသား အပ်စတိန်းဖိုင် တချို့မှာတော့ ထရမ့်ကို ရည်ညွှန်းတဲ့ အကြောင်းအရာ အချက်အလက်တွေကို တွေ့ခဲ့ရပေမယ့် အပ်စတိန်းရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေမှာ အမေရိကန် သမ္မတကိုယ်တိုင် ပါဝင်ပတ်သက်ဖူးပါတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

တစ်ဖက်မှာလည်း အပ်စတိန်းဖိုင်တွေကို အကုန်အစင် လူသိရှင်ကြား ဖော်ထုတ်ပြဖို့ တောင်းဆိုမှုတွေကို အမေရိကန် အစိုးရက အစဉ်တစိုက် တားဆီးခဲ့တာကြောင့် ဝေဖန်မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေထဲမှာတောင် အပ်စတိန်းဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြသင့်ကြောင်း တောင်းဆိုသူတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ထရမ့်က အပ်စတိန်းဖိုင်တွေ အကုန်အစင် ထုတ်ပြန်ပေးရေး တောင်းဆိုတဲ့ မဲခွဲမှုတစ်ခုကို မကြာခင် အောက်လွှတ်တော်မှာ ပြုလုပ်ဖြစ်ရင် ရီပတ်ဘလစ်ကန် အမတ်တွေလည်း ပါဝင် ထောက်ခံမဲပေးလို့ ရပါတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အပ်စတိန်းကိစ္စမှာ သူ့အနေနဲ့ ဖုံးကွယ်ထားစရာ ဘာမှ မရှိတာကြောင့်ပါလို့ ထရမ့်က ဆိုပါတယ်။

ထရမ့်က အပ်စတိန်း ပြဿနာမှာ သူ့နာမည်ကို ဆွဲထည့်တာဟာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေ ကြံစည်အားထုတ်နေတဲ့ အပုပ်ချ လိမ်လည်မှု တစ်ခုသာ ဖြစ်တယ်လို့ အကြိမ်ကြိမ် တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထပ်မံ ထွက်ပေါ်လာတဲ့ အပ်စတိန်းဖိုင်တွေထဲက အီးမေးလ်တွေထဲမှာ ထရမ့်အကြောင်း ရည်ညွှန်းထားတဲ့ အကြောင်းအရာတွေ ထပ်ပြီး ပါလာပေမယ့် ထရမ့်က ရာဇဝတ်မှုတွေမှာ ပတ်သက်တယ်လို့ သက်သေပြနိုင်တဲ့ အထောက်အထားတော့ မရှိခဲ့ပါဘူး။

အပ်စတိန်းဖိုင်တွေ အားလုံးကို တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေးဖို့ ကိစ္စကို အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်မယ်ဆိုရင် အထက်လွှတ်တော်မှာ နောက်တစ်ဆင့် မဲခွဲမှု ခံယူရမှာပါ။ ပြီးရင်တော့ ဥပဒေအဖြစ် အသက်ဝင်လာစေဖို့ သမ္မတ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ သူ့ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် လွှတ်တော်အမတ် တစ်ဦးကြားက တင်းမာမှုတွေဟာ လူသိရှင်ကြား အဆင့်ထိ ပေါက်ကွဲထွက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းကို တင်သွင်းတဲ့ စားသောက်ကုန် အမျိုးအစား တော်တော်များများအတွက် အခွန်စည်းကြပ်မှုတွေ မြှင့်တင်ထားတကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

လိင်အမြတ်ထုတ်မှုတွေနဲ့ လူကုန်ကူးမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းနဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ကြား ဆက်စပ်မှုတွေကို စုံစမ်းပေးဖို့ တရားရေး ဝန်ကြီးဌာနဆီ တောင်းဆိုမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မိန့်ခွန်းကို ဆိုလိုရင်းနဲ့ လွဲချော်အောင် တည်းဖြတ်ခဲ့တဲ့ ကိစ္စအတွက် BBC မီဒီယာ လုပ်ငန်းစုက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အတိအလင်း တောင်းပန်ခဲ့ပါတယ်။