close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ အနုပညာရှင်တွေကိုအရေးယူမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေပြော

ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကာကွယ်​ပေးပြီး ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ ‌အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၅။သတိုး/People’s Spring

ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကာကွယ်​ပေးပြီး ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ ‌အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

“ ကျနော်တို့ရန်ကုန်မှာတကယ်ရှိနေ ဆော်နေတဲ့အဖွဲ့တွေစုပြီးကြေညာချက်ထုတ်တာပါ၊ အဲ့ကောင်တွေထဲကဘယ်ကောင်မဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ” လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

အနုပညာအမည်ခံအကြမ်းဖက်စစ်တပ်လက်ကိုင်တုတ်​တွေကို ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်ဖြစ်ကြောင်း ကြေညာချက်ကိုအောက်တိုဘာ၂၈မှာရန်ကုန်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Yangon Army ( YA )၊Dark Shadow၊ Operation Flame(OF) ၊Mother Son Yangon Force နဲ့ Broken System အဖွဲ့တွေက ပူးပေါင်းထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

“ အဲ့ ဖက်ခွက်စားတွေကို ပြောချင်တာက ဒီတော်လှန်ရေးကာလ ၂၀၂၁ နောက်ပိုင်း သူတို့ဘာသာ ဘာလုပ်နေနေ ကျနော်တို့ လစ်လျူရှု့ပေးထားတယ်…..အခုက အမှားကို အမှန်လိုလုပ်ပြီး တော်လှန်ရေးကို ပုံဖျက်၊ စစ်တပ်နဲ့ ပုလင်းတူဗူးဆို့လုပ်ပြီး ဝါဒဖြန့် အဆိပ်ခပ်လာတာတော့လုံးဝခွင့်မလွှတ်နိုင်ဖူး။ကျော်မသွားပေးနိုင်ဖူး။” လို့ Operation Flame အဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ရဲ့​ရွေး​ကောက်ပွဲဝါဒဖြန့်ဇာတ်ကားမှာ နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်း​မောင် ၊ ခြူးလေး ၊မေမြင့်မိုရ် ၊ ငှက်ပျောကြော် ၊ အောင်ခိုင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။

“ ကျနော်တို့ UG တွေကပြည်သူအပေါ်မျက်နှာမူပြီးရပ်တည်ကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့မည်သူမဆိုကျနော်တို့ရန်သူပါဘဲ။ပြည်သူကျွေးတာစားပြီးပြည်သူကိုအဆိပ်ခပ်နေတဲ့လူ့တိရိစ္ဆာန်တွေကိုကျနော်တို့ဒီတိုင်းကြည့်မနေနိုင်ပါဘူး” လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ပါဝင်တဲ့ အနုပညာရှင်တွေရဲ့အချက်အလက်တွေလည်း ရရှိထားပြီး အနုပညာလောကက‌နေ အဲဒီ့အနုပညာရှင်တွေရဲ့ သတင်းတွေကို ပေးပို့နေသူတွေလည်းရှိတယ်လို့ ၎င်းကဆိုပါတယ်။

အဲဒီ့ဝါဒဖြန့် ဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို တော်လှန်ရေးဘက်‌တော်သား ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ CDM တွေကို ပျက်ရယ်ပြုတဲ့ စကားလုံးတွေပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဇာတ်လမ်းထုတ်လွှင့်ပြီးချိန်မှာ တော်လှန်ရေးအင်အားစုတွေအပါအဝင်ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

“ ပြည်သူတွေအနေနဲ့တော့ သေသေချာချာလေး BC နဲ့ SP ကို ထိထိရောက်ရောက်လုပ်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ဗျ” လို့ Operation Flame တာဝန်ရှိသူက တိုက်တွန်းပါတယ်။

ထုတ်ပြန်ချက်ထုတ်တဲ့ အဖွဲ့တွေကလက်ရှိ ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်နေတဲ့ နေရာတွေကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်နေကြတာပါ။

“ Press Show တွေ ၊ရူတင်တွေမှာ သွားပြီးစပ်စလူးထနေကြတဲ့ဟာတွေလဲဆင်ဆင်ချင်ချင်နေကြဖို့သတိပေးတယ်.” လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက သတိပေးစကားဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်ကားရိုက်ကူးပေးတဲ့ သရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှုကြောင့် ‌သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်‌ ဖျက်သူတွေရှိသလို အချို့ကလည်း မှတ်ချက်ရေးသားတဲ့ Comment တွေ ပိတ်ထားကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာ ၂၈ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ သတ်မှတ်ထားကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB)က ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကျားဖြန့်လုပ်ငန်းအချို့ ဝင်ရောက်စီးနင်းသယောင် ဟန်ပြလုပ်ဆောင်မှုကို ကြည့်ပြီး စစ်တပ် လှည့်ကွက်ထဲ မဝင်မိစေဖို့ သတိပေး

သတင်း

ဘုံသဘောတူညီချက် ၅ ရပ် ပိုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုကြောင်း အာဆီယံ တိုက်တွန်း

Facebook