close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်အမြန်လမ်း‌က လေးကတံတားစခန်းဂိတ်ကို PDFဝင်တိုက်

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ “ လေးက” တံတားစခန်းဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိတယ်လို့ နေပြည် တော်တပ်ကုန်း PDFတပ်ရင်းအမှတ် (၈၀၃)က အသိပေးထားပါတယ်။

နေပြည်တော်တပ်ကုန်း PDFတပ်ရင်းအမှတ် (၈၀၃)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၁၃၊၂၀၂၅။သတိုး/People’s Spring

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ “ လေးက” တံတားစခန်းဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိတယ်လို့ နေပြည် တော်တပ်ကုန်း PDFတပ်ရင်းအမှတ် (၈၀၃)က အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၁ရက် ည ၉နာရီ၄၅မိနစ်မှာ ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၉)မှာရှိတဲ့ “လေးက” တံတားစခန်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရရှိလို့ ဆေးရုံတင်ထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြာချိန် နာရီဝက်ခန့်သာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ထိခိုက်သူမရှိ‌ဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာထိခိုက်မှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ဒီဖြစ်စဉ်ကြောင့် အမြန်လမ်းအနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေလုပ်နေတာကြောင့် ပြည်သူတွေ စစ်ရေးသတိနဲ့နေဖို့ နေပြည်တော်တပ်ကုန်း PDF တပ်ရင်းအမှတ် (၈၀၃) က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ