close
Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်၊နမ္မတူ၊ နောင်ချိုနဲ့ ကျောက်မဲမြို့ကို မိနစ်အနည်းငယ်စီခြားပြီး စစ်ကောင်စီဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊နမ္မတူ၊ နောင်ချိုနဲ့ ကျောက်မဲမြို့ကို ဒီနေ့ အောက်တိုဘာ ၁၈ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးထပ်ကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၁၈ရက် မနက်မှာ ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၈၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊နမ္မတူ၊ နောင်ချိုနဲ့ ကျောက်မဲမြို့ကို ဒီနေ့ အောက်တိုဘာ ၁၈ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးထပ်ကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ ည ၈နာရီ ၄၀မိနစ်နဲ့ ၈နာရီ ၅ဝမိနစ်ကြားမှာ ဂျက်ဖိုက်တာနဲ့ ပတ်ပြီး ဗုံးကြဲသွားတာလို့ ဆိုပါတယ်။

နမ့်ဆန်မြို့မှာဆိုရင် မနေ့က အော်တိုဘာ ၁၇ရက် မနက်က ဗုံးကြဲခဲ့တဲ့ ဟိုမိန်းကျေးရွာကို ထပ်မံဗုံးကြဲခြင်းဖြစ်ပြီး နမ္မတူ၊ နောင်ချိုနဲ့ကျောက်မဲမြို့တွေမှာလည်း ကျေးရွာတွေဘက်ကို ဗုံးကြဲသွားတာလို့ ကနဦးသတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်မှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူခဲ့ပြီ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်နနဲ့ သီပေါမြို့ကိုလည်း အောက်တိုဘာ ၁၅ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

TNLAဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။

TNLA ထိန်းချုပ်မြို့နယ်တွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကောင်စီကကြိုးပမ်းနေပြီ လေကြောင်းကနေနေ့စဉ် ဗုံးဆက်တိုက်ကြဲနေပါတယ်။ ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

Facebook