close
Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲဆီ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ် ရှေ့မတိုးနိုင်ဘဲတန့်နေဟု KAစစ်ရေးချုပ်ပြော

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ရှေ့ဆက်မတိုးနိုင်ဘဲရပ်တန့်နေတယ်လို့ ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။

ဖရူဆို-ဘောလခဲလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို ခုခံနေတဲ့ ကရင်နီရဲဘော်တွေ။ ဓာတ်ပုံ - KNDF

အောက်တိုဘာ-၁၈၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ရှေ့ဆက်မတိုးနိုင်ဘဲရပ်တန့်နေတယ်လို့ ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။

ဖရူဆိုမြို့နယ်ဘက်ကနေ ဘောလခဲမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကနေ ထွက်ပြေးသူတွေများနေတယ်လို့လည်း ဆိုပါတယ်။

“ ဖရူဆိုမှာပဲ တန့်နေတယ်။သူတို့ဘက်က တပ်ပြေးတွေလည်းများတယ်လေ။ထပ်တိုးဖို့လည်း သတ္တိမရှိတော့ဘူး ထင်တယ်။မတိုးနိုင်ဘူး ဖရူဆိုမှာပဲ ကျန်နေတယ်” လို့ ဖရူဆို -ဘောလခဲ စစ်ကြောင်းနဲ့ပတ်သက်လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းက ဖရူဆိုမြို့နယ် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းအနီးက မာခရော့ရှေ နဲ့လောကျေခူ ရွာတွေအနီးတစ်ဝိုက်မှာပဲ ရှိသေးတယ်လို့လည်း ကရင်နီစစ်ဘက်သတင်းရင်း မြစ်က ပြောပါတယ်။

ဒီးမော့ဆို-ဖရူဆို လမ်းမတလျောက်မှာလည်း စစ်ကောင်စီတပ်စွဲထားလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲနေ့စဥ်ဖြစ်နေပြီး ဘောလခဲမြို့နယ်ဘက်ကို မျက်နှာမူစစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က မာခရောရှော့ ကျေးရွာဘက်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်ဘက်က စစ်ကောင်စီတပ်စစ်ကြောင်းတွေ အနေနဲ့လည်း ထိုးစစ်ထက် ဒရုန်း လက်နက်ကြီးတွေနဲ့သာ နေ့စဥ် ပစ်ခတ်မှုလုပ်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

“ စစ်ကြောင်းအခြေအနေကသိပ်တော့ မထူးသေးဘူး။ စကမဖက်က ဒရုန်းနဲ့ကင်းထောက်ပြီး အနီးနားဝန်းကျင်ရွာတွေကို လနက(လက်နက်ကြီး) တွေနဲ့တိုက်ခိုက်တာတော့ ပုံမှန်ပါပဲ” လို့ ဒီးမော့ဆို မြို့က ရှေ့တန်းရဲဘော်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၆ရက်က ဘောလခဲမြို့နယ်၊ဝမ်းမလန်းကျေးရွာအပေါ်ဘက်တောင် ကုန်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ၁နာရီအကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းနဲ့ ပြည်နယ်တလျှောက်စစ်ရေးအခြေအနေအရ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲနဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

Facebook