close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး-မုံရွာလမ်းပိုင်းအခွန်‌ကောက်ဂိတ်တွေ ပိတ်သိမ်းဖို့ ညွှန်ကြားထား

မန္တလေး-မုံရွာလမ်းပိုင်းက PDFအခွန်ကောက်ဂိတ်တွေကို ခရိုင်ပကဖကနေ ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ-၁၈၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေး-မုံရွာလမ်းပိုင်းက PDFအခွန်ကောက်ဂိတ်တွေကို ခရိုင်ပကဖကနေ ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ နောက်ဆုံးထားပိတ်သိမ်းဖို့ ညွှန်ကြားထားတာလို့ သိရပါတယ်။

ပြည်ထောင်စုအတွက်လိုအပ်တဲ့ အခွန်ဂိတ်တခု၊နှစ်ခုကလွဲရင် ကျန်တာ အကုန်ပိတ်ဖို့ ညွှန်ကြားတာလို့ မုံရွာမြို့နယ်ပကဖအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညွှ‌န်ကြားချက်ထွက်တာ နှစ်လနီးပါးရှိနေပြီဖြစ်ပြီး မုံရွာမြိုနယ်မှာတော့ညွှန်ကြားချက်အတိုင်း အခွန်ဂိတ်တွေ အမှန်တကယ် ပိတ်ထားတယ်လို့ဆိုပါတယ်။

“ မုံရွာမြို့နယ်အနေနဲ့ကတော့ ကျွန်တော်တို့လိုက်နာပြီး ပိတ်ထားတာရှိပါတယ်။ အဲ့လိုဂိတ် တွေမရှိတော့ပါဘူး မုံရွာမြို့နယ်အတွင်းမှာ” လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မုံရွာ- မန္တလေးလမ်းပိုင်းမှာ PDF ဂိတ်အများအပြားနဲ့ စစ်တပ်ဂိတ်၊ ပျူစောထီးဂိတ်တွေအများအပြားရှိပြီး တဂိတ်နဲ့ တဂိတ်နီး ကပ်လွန်းတာကြောင့် ပြည်သူတွေကြားမှာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီလိုဂိတ်ပိတ်သိမ်းခိုင်းတာတွေဟာ PDFစိုးမိုး ဒေသတွေမှာ ခရိုင်အလိုက် ညွှန်ကြားချက်တွေထွက်ထားပြီး မလိုက်နာတဲ့ မြို့နယ်တွေလည်း ရှိတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ပကဖ တာဝန်ခံတစ်ဦးကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook