close
Connect with us

Hi, what are you looking for?

သတင်း

ခလရ(၁၀၁)တပ်ရင်းက စစ်မှုထမ်းတပ်သားသစ်တဦး လက်နက်ယူလာပြီ KNDOထံ အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တစ်ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ K.N.D.Oတပ်‌ရင်း(၇)ထံ အလင်းဝင် ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တဦး။ဓာတ်ပုံ - KNU-MTD

အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တစ်ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ K.N.D.Oတပ်‌ရင်း(၇)ထံ အလင်းဝင် ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အဲဒီ အလင်းဝင်လာတဲ့ တပ်သားဟာ စစ်ကောင်စီတပ် အဓမ္မ စစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ်ဖြစ်ပြီး အောက်တိုဘာ ၆ရက်က ပုလောမြို့နယ်(လယ်မူလားမြို့နယ်)အတွင်းမှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားနဲ့အတူ MA1 (၁)လက်၊ ကျည်အပါဝင် ကျည်ဘောက်(၄)ခု ပါလာတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU မြိတ်-ထားဝယ်ခရိုင် အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေထဲက စစ်မှုထမ်း တပ်သားသစ်တွေဟာ KNLA တပ်မဟာ(၄)ရဲ့ လက်အောက်ခံတပ်တွေဆီကို တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အလင်းဝင်ရောက်မှု မကြခဏရှိနေပြီး အချို့ကလက်နက်ပါသလို အချို့ကလက်နက်မပါဘဲ အလင်းဝင်လာကြတာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာ သိမ်းစစ်ကောင်စီတပ်ထဲက တပ်သားတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း နည်းမျိုးစုံနဲ့ ရောက်နေတဲ့ လူငယ်တွေ ရတဲ့နည်းနဲ့ တော်လှန်ရေးဘက် ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်ကရင်လူငယ်အစည်းအရုံး(KYO) အတွင်းရေးမှူး စောအယ်ထီးကော်က တိုက်တွန်းပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က စစ်ကောင်စီရဲ့ ခလရ(၂၈၀) တပ်ရင်းက တပ်သား ၄ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ထံ အလင်းဝင်လာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) မြိတ်-ထားဝယ်ခရိုင်/တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သားသစ် ၇ ဦး အလင်းဝင်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ သတင်းထုတ်ပြန်ပါတယ်။