close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား စာသင်ကျောင်း ပြိုကျမှုမှာ ရှာဖွေရေးတွေ ရပ်ဆိုင်း၊ အလောင်း ၆၇ ခုရှာတွေ့

ရုပ်အလောင်း ၆၇ ခုထိ ရှာတွေ့ပြီးတဲ့ နောက်မှာတော့ အင်ဒိုနီးရှား နိုင်ငံက စာသင်ကျောင်း ပြိုကျတဲ့ နေရာမှာ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - BNPB

ရုပ်အလောင်း ၆၇ ခုထိ ရှာတွေ့ပြီးတဲ့ နောက်မှာတော့ အင်ဒိုနီးရှား နိုင်ငံက စာသင်ကျောင်း ပြိုကျတဲ့ နေရာမှာ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

စက်တင်ဘာ လကုန်ပိုင်းတုန်းက အရှေ့ဂျာဗားမှာရှိတဲ့ ကျောင်းအိပ်ကျောင်းစား အစ္စလာမ် ဘာသာရေး ကျောင်းတစ်ခုမှာ ၃ ထပ်အဆောက်အအုံကို ၄ ထပ်အဖြစ် မြှင့်တင် တည်ဆောက်ရင်း ရုတ်တရက် ပြိုကျခဲ့တာကြောင့် ကျောင်းသားတွေရော၊ ဆောက်လုပ်ရေး အလုပ်သမားတွေပါ ပိတ်မိခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေကြားကနေ လူတချို့ကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရုပ်အလောင်းတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေသာ ရှာတွေ့လာပါတော့တယ်။ စက်တင်ဘာ ၂၉ ရက်နေ့ ပြိုကျမှု အပြီးကတည်းက တောက်လျှောက် လုပ်ဆောင်ခဲ့တဲ့ ရှာဖွေရေး မစ်ရှင်ဟာ အောက်တိုဘာ ၈ ရက်နေ့မှာတော့ ပြီးဆုံးသွားခဲ့ပါတယ်။

အခုအခါမှာတော့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် အချိန်အခါ ရောက်လာပြီလို့ အမျိုးသား ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အေဂျင်စီ အကြီးအကဲ မိုဟာမက် ဆိုင်ယာဖီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ အပျက်အစီးတွေ အောက်က ဆွဲထုတ်ခဲ့သူတွေ အပါအဝင် လူပေါင်း ၁၇၁ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ သေဆုံးသူ အရေအတွက်က ၆၇ ဦးရှိပြီး အဲဒီထဲက ၈ ဦးဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့သာ ပြန်ရခဲ့ကြောင်း၊ ပြိုကျမှုကြီးနဲ့ တိတိကျကျ ကြုံတွေ့ခဲ့ပေမယ့် အသက်ရှင်သူ ၁၀၄ ဦးရှိခဲ့ကြောင်း သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ ရှာတွေ့ခဲ့တဲ့ထဲမှာ ခြေပြတ်လက်ပြတ်တွေလည်း ပါခဲ့တယ်လို့ ကွင်းဆင်း အဖွဲ့တွေရဲ့ ဒုတိယ ခေါင်းဆောင် ဘူဒီအီရာဝမ်က ပြောပါတယ်။

ဆီဒိုအာဂျို မြို့လေးမှာရှိတဲ့ အယ်လ်ခိုဇီနီ ဘာသာရေးကျောင်း ပြိုကျမှုဟာ အောက်ခြေ ဖောင်ဒေးရှင်း ပြဿနာကြောင့်လို့ ကနဦး စုံစမ်းမှုတွေက ညွှန်ပြနေပါတယ်။ အဲဒီကျောင်းဟာ ကြံ့ခိုင်မှု စစ်ဆေးချက်တွေ စနစ်တကျ ခံယူပြီး အာဏာပိုင်တွေရဲ့ စိစစ် ခွင့်ပြုချက်နဲ့ တည်ဆောက်ထားတာလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံက ပြိုကျသွားတဲ့ ကျောင်းအဆောက်အအုံအောက် ပိတ်မိနေသူ ၆၀ နီးပါးစလုံး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

နိုင်ငံတကာ

ပြိုကျသွားခဲ့တဲ့ အင်ဒိုနီးရှား ဘာသာရေး ကျောင်းအဆောက်အအုံ အောက်ကနေ လူ ၅ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၆၀ နီးပါးကို အပူတပြင်း ရှာဖွေနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ဘာသာရေး ကျောင်းတစ်ကျောင်း ပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူ လူ ၃၈ ဦး ကို ကယ်ဆယ်ရေးတွေက အပူတပြင်း ရှာဖွေနေပါတယ်။

သတင်း

■ပြစ်ဒဏ်ကျူးလွန်သူ၊ ​စေခိုင်းသူ၊ ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိ​ပေး စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများကိုစစ်ကောင်စီကစက်တင်ဘာ ၁၂ရက်နံနက်အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း​သေဆုံး ၊ဒဏ်ရာရခဲ့​သော ​ကျောင်းသား၊​ကျောင်းသူများ၏ အမည်၊ဓါတ်ပုံ နှင့် အချက်အလက်အ​သေးစိပ်ကို ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခတပ်​တော် (AA)ကထုတ်ပြန်လိုက်သည်။ လတ်တ​လောအထိ​သေဆုံးခဲ့​သော​ကျောင်းသား၊​ကျောင်းသူ ၁၉...