close
Connect with us

Hi, what are you looking for?

သတင်း

မင်းလှမှာ စစ်ကောင်စီရဲ့ မဲစားရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တဲ့အပြင် ရွေးကောက်ပွဲလုပ်ခွင့်မရအောင် တားဆီးသွားမယ်လို့ PDF ပြော

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီမဲစာရင်းကို မီးရှို့နေစဉ်

အောက်တိုဘာ-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆင်တဲကုန်းရွာ လူငယ်အားမာန်စာကြည့်တိုက်မှာ လာရောက်ကပ်ထားတဲ့ စစ်ကောင်စီမဲစာရင်းတွေကို အောက်တိုဘာ ၆ ရက် မနေ့ ည ၁၁ နာရီခွဲလောက်မှာ တပ်ရင်း ၃၈၀၂၊ တပ် ခွဲ၂ မှ ရဲဘော်တွေက သွားရောက်မီးရှို့ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“ ၅ ရက်၊ ၆ ရက်လောက်တော့ ရှိပြီ သူတို့လာကပ်ထားတာ။ အဲဒီမဲစာရင်းတွေကို အခုလိုရှင်းလင်းရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ စကစ ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ပါပဲ” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာ အုပ်စုတွေမှာ စစ်ကောင်စီက ၎င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဒီတပတ်အတွင်း မဲစာရင်းတွေလိုက်ကပ်နေပြီး ကျေးရွာအုပ်စုတော် တော်များများမှာလိုက်ကပ်ထားပြီးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အားကျိုးမာန်တက်လုပ်ကိုင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို တပ်ရင်း ၃၈၀၂ အနေနဲ့လည်း အရင်ကတည်းက စာထုတ်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

“ ရွေးကောက်ပွဲနဲ့ပက်သက်လို့ကတော့ ကျွန်တော်တို့က မပျက်စီး ပျက်စီးအောင် ဖျက်မှာပါပဲ” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောပါတယ်။

မင်းလှမှာ စစ်ကောင်စီရဲ့ မဲစားရင်းတွေကို PDF မီးရှို့ရှင်းလင်း အောက်တိုဘာ-၇၊ ၂၀၂၅။ ကျော်ဇော/People's…

Posted by People's Spring on Tuesday 7 October 2025

ရုပ်သံ-သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

တော်လှန်​ရေးအင်အားစု​တွေရဲ့ ဗန်း​မောက်မြို့သိမ်းတိုက်ပွဲအ​ကြောင်းဒီတစ်ပါတ်​ပြောပြပါမယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

သတင်း

စက်တင်ဘာ-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring ရှားပါးမျိုးစိတ်ဖြစ်ပြီး အထူးကာကွယ် စောင့်ရှောက်ရန်ဥပဒေပြဌာန်းကာကွယ်ထားသည့်ပန်ဒါနီ (Red Panda) လေးများကို မှောင်ခို သယ်လာသူများက အင်းတော်မြို့ကိုဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့သည်။ ဒေသတွင်းလမ်းပိုင်းများအားPDF များကလုံခြုံရေးယူနေစဉ် ကားအတွင်း လှောင်အိမ်များဖြင့်ဖွက်၍သယ်ဆောင်လာသော ပန်ဒါနီ လေးများကို တွေ့ရှိခြင်းဖြစ်ပြီး သယ်ဆောင်လာသူကိုဖမ်းဆီးထားကြောင်းသိရသည်။ “ ကချင်ဘက်ကနေသယ်လာတာ။ဘယ်ကိုပို့မလဲဆိုတာ မေးမြန်းဆဲပဲ။ကားသမားနဲ့ ဆက်စပ်သူတွေပါ...