close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ဒရုန်းတွေထဲမှာ ဗြိတိန် နည်းပညာ အစိတ်အပိုင်းတွေ ရှာတွေ့ကြောင်း ယူကရိန်းပြော

ရုရှား ဒရုန်းတွေထဲမှာ ဗြိတိန်က ထုတ်လုပ်တဲ့ နည်းပညာ ပစ္စည်း အစိတ်အပိုင်းတွေ ရှာတွေ့ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှား ဒရုန်းတွေထဲမှာ ဗြိတိန်က ထုတ်လုပ်တဲ့ နည်းပညာ ပစ္စည်း အစိတ်အပိုင်းတွေ ရှာတွေ့ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှား စစ်လက်နက်တွေကို ခွဲခြမ်းလေ့လာတဲ့အခါ ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ အစိတ်အပိုင်းပေါင်း ၁ သိန်းကျော်ထိ မှတ်တမ်း ရရှိထားကြောင်း၊ အဲဒီထဲမှာ ဗြိတိန်က ထုတ်လုပ်တဲ့ မိုက်ခရို ကွန်ပျူတာ စနစ်တွေပါ ပါဝင်လာကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်တို့လို နိုင်ငံတွေရဲ့ ထုတ်ကုန်တွေက ရုရှား စစ်လက်နက် စနစ်တွေထဲမှာ ပါဝင်နေတာကို တွေ့မြင်လာရတယ် ဆိုတာက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထင်သလောက် တင်းကျပ်မှု မရှိသေးဘူး ဆိုတာကို ညွှန်ပြနေခြင်း ဖြစ်တယ်လို့လည်း ယူကရိန်း သမ္မတက ထောက်ပြခဲ့ပါတယ်။

ဒါကြောင့်လည်း ရုရှားနဲ့ ပတ်သက်ရင် အရေးယူ ပိတ်ဆို့မှုတွေကို ပိုပြီး ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း မဟာမိတ်တွေကို သူက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် အစိုးရရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဌာန (DBT) ကတော့ ရုရှားရဲ့ စစ်သုံးပစ္စည်း ထုတ်လုပ်မှု လမ်းကြောင်းဆီ ဗြိတိန်ရဲ့ ပို့ကုန်တွေ ရောက်ရှိမှုကို ဖြိုခွင်းဖို့ ပိုမို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဗြိတိန် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေက ရုရှား စစ်လက်နက်တွေထဲမှာ ဖွဲ့စည်း ပါဝင်နေတယ်ဆိုတဲ့ ကိစ္စကို အလေးအနက် သဘောထားရမှာ ဖြစ်တယ်လို့ DBT အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

နောက်ပြီး ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို တိတိကျကျ လိုက်နာဖို့ ပျက်ကွက်တဲ့ လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေဟာ ကြီးမားတဲ့ ဒဏ်ကြေးတပ်ရိုက်တာ၊ ဒါမှမဟုတ် ရာဇဝတ်ကြောင်းအရ တရားစွဲဆို ခံရတာမျိုးတွေ ကြုံနိုင်တယ်လို့လည်း သူက သတိပေးသွားပါတယ်။

DBTရဲ့ အဆိုအရ ဗြိတိန်ဟာ ရုရှားနဲ့ ဒေါ်လာ ၂၇ ဘီလီယံဖိုးလောက် များပြားတဲ့ ကုန်သွယ်ရေး ကဏ္ဍတွေကို ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယူကရိန်းရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် အပျက်အစီးတွေထဲမှာ တရုတ်၊ ထိုင်ဝမ်နဲ့ နယ်သာလန် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ စက်ပစ္စည်း အစိတ်အပိုင်း တချို့ကိုပါ ရှာတွေ့ခဲ့တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းနိုင်ငံ အနှံ့မှာရှိတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေး စနစ်တွေကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေ စုစုပေါင်း ၅၄၉ ခုနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိသားစု တစ်ခုတည်းက ၄ ဦး အပါအဝင် စုစုပေါင်း ယူကရိန်း အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သလို စွမ်းအင် ဖြန့်ဝေမှုဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သွားစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်ကို ရည်ရွယ်ပြီး သတိပေး ပြောကြားသွားပါတယ်။

နိုင်ငံတကာ

စက်တင်ဘာလထဲမှာ ယူကရိန်းနိုင်ငံ ပိုင်နက်ထဲ ရုရှားရဲ့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းက သိသိသာသာ အားလျော့သွားတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်လုပ် တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အလေးအနက် စဉ်းစားနေကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောပါတယ်။