close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း မြို့အချို့၌ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး ထပ်မံခြိမ်းခြောက်

ဧရာဝတီတိုင်းအတွင်းဇလွန်နှင့်ဟင်္သာတမြို့နယ်တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး လူထုအား ခြမ်းခြောက်မှုထပ်မံ ပြုလုပ်ခဲ့သည်။

လေ့ကျင့်ပျံသန်းနေသည့် စစ်ကောင်စီလေတပ် တိုက်လေယာဉ်အချို့ ( ပုံဟောင်း

စက်တင်ဘာ−၃၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်းအတွင်းဇလွန်နှင့်ဟင်္သာတမြို့နယ်တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး လူထုအား ခြမ်းခြောက်မှုထပ်မံ ပြုလုပ်ခဲ့သည်။

မီးခိုးရောင်တိုက်လေယာဉ်တစ်စီးသည် ယနေ့ (စက်တင်ဘာ ၃ရက်) မွန်းလွဲပိုင်း ၂နာရီ ၁၀မိနစ်ခန့်တွင် ဇလွန်နှင့် ဟင်္သာတမြို့တဝိုက် အနိမ့်ပိုင်းမှ ပျံသန်းသွားခဲ့သည်။

” တစ်နေရာရာကို ဦးတည်သွားတာမဟုတ်ဘူး။ ပတ်ဝဲပြသွားတာ။ နိမ့်နိမ့်လေးကနေ ပျံတာ။ ဆူညံကုန်တာပဲ”ဟု ဇလွန်မြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

‌လေယာဉ်သံကြောင့် ကလေးငယ်များ ကြောက်လန့်ခဲ့ကြပြီး စာသင်ကြားရေးရပ်နားလိုက်ရကြောင်း ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ရက် နံနက်ကလည်း ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့နယ်တို့၌ တိုက်လေယာဉ်တစင်း အနိမ့်ပိုင်းမှ ပျံသန်း၍ ဒေသခံများ ကြောက်လန့်ခဲ့ကြသည်။

“လူထုကို အကြောက်တရားရိုက်ထည့်နေတာ။အာဏာရှင်က ရန်ငါ ပြတ်တယ်။ဒေသခံ လူထုကအများစုသာ ယောင်တောင်တောင်လုပ်နေတာ”ဟု ဟင်္သာတမြို့၊ ချောင်းပြားလေးကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်ဇလွန်၊ဟင်္သာတ၊ဓနုဖြူမြို့တို့နှင့်၁၀မိုင်မှမိုင်၂၀ကြားဝေးသော လေးမျက်‌နှာ၊ ရေကြည်၊ အင်္ဂပူမြို့မြို့နယ်တို့တွင် အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေပြီး ညစဉ်လိုလို လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည်။

ဧရာဝတီတိုင်းအတွင်းစစ်ရေးသတိပြုနေထိုင်ကြရန်တော်လှန်ရေးအင်အားစုများက ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း အတွင်းဇလွန်၊ဟင်္သာတ နှင့်ဓနုဖြူမြို့နယ် တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုအား ခြမ်းခြောက်နေကြောင်းဒေသခံများက ပြောသည်။

ဆောင်းပါး

စစ်အုပ်စုက ဇူလိုင်လကုန်ပိုင်းမှာ အမည်ပြောင်း၊ရွေးကောက်ပွဲလုပ်မယ်ပြောပြီး နိုင်ငံတစ်ဝန်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၊စိုးမိုးထားတဲ့ ဒေသတွေကို အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်တင်နေတာဖြစ်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာကိုလေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သတင်း

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်း ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေသည်။

Facebook