ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့သိမ်းတိုက်ပွဲ နှင့် စွယ်တော်ကုန်းအမြောက်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၁၁၈) ခြေမြန်တပ်ရင်း(ခမရ−၁၁၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယနေ့(ဧပြီ ၁၈ရက်)တွင် သေဆုံးသွားကြောင်း လူထုနွေဦး၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စိတ်ဖိစီးပြီး ရောဂါနဲ့ ဆုံးသွားတာ”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ခမရ(၁၁၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသည် လေးကေ့ကော်မြို့သိမ်းတိုက်ပွဲအတွင်းမှ အနီးရှိ မြဝတီမြို့တောင်ဘက်က စွယ်တော်ကုန်းအမြောက်တပ်စခန်းသို့ ထွက်ပြေးသွားခြင်းဖြစ်သည်။သေဆုံးသွားသည့် ခမရ(၁၁၈)တပ်ရင်းမှူး၏ အမည်ကို လူထုနွေဦးက စုံစမ်းနေဆဲ ဖြစ်သည်။

Public Service Announcement
အဆိုပါ စွယ်တော်ကုန်းအမြောက်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်များက၂၀၂၄အောက်တိုဘာ၁၇ရက်က သိမ်းပိုက်စဉ်မြဝတီမြို့စောင့်တပ်ဖြစ်သောခလရ(၂၇၅)တပ်ရင်း ထပ်မံထွက်ပြေးသော ခမရ(၁၁၈) တပ်ရင်းမှူး ဖြစ်သည်။
ခလရ(၂၇၅)တပ်ရင်း၌ ရှိနေစဉ် ကျန်းမာရေးမကောင်း၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရာမှ ဧပြီ ၁၈ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သထုံ အခြေစိုက်သော ခမရ(၁၁၈)တပ်ရင်းသည်မွန်ပြည်နယ်၊ကျိုက်ဒိုမြို့တွင် အခြေစိုက်သသည့် အမှတ် (၄၄ )ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။
