close
Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့တွေ့ဆုံအပြီးမှာ သပိတ်ကျင်းနဲ့ စဉ့်ကူးကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံး

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ တွေ့ဆုံအပြီးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၁၈၊၂၀၂၅။မေ/People’s Spring

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ တွေ့ဆုံအပြီးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၂‌‌ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက် ဒီနေ့ မနက် ၁၀နာရီကျော်မှာ လိပ်ကျကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရွာလည်ကို ကြဲသွားတာ။ပြီးတော့ မိုးကုတ် − မန္တလေးလမ်း လူတွေစည်တဲ့ နေရာ။သေတာတုံးလုံးပက်လက်ပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

နေ့ခင်းပိုင်းမှာလည်း လေယာဉ်တွေ ဆက်တိုက်ဝဲနေတာလို့ဆိုပါတယ်။

‌ဧပြီ ၁၆ရက်ကလည်း အဲဒီရွာကိုပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည်ပိုင်းမှာဘဲ စဉ့်ကူးမြို့နယ်၊ ကျည်ထောက်ပေါက်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

“စာသင်ကျောင်း ဘေးမှာ ဈေးရှိတာလေ။အထိခိုက်ကများမှာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မနေ့က ဧပြီ ၁၇ရက်ညပိုင်းကလည်း စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ တွေ့ဆုံအပြီးမှာ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အင်အားပြင်း ငလျင်ဘေးကြောင့် ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရလို့ ရက်၂၀ကြာ ယာယီအပစ်ရပ်မယ်လို့ ကြောညာခဲ့ပေမယ့် အဲဒီနေ့မှာဘဲ နိုင်ငံနေရာအများအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သင်္ကြန်ကာလမှာလည်း စစ်ကောင်စီက နေရာအများအပြားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၇ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ကာလနှင့် ယနေ့ ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ လူထုထိခိုက်မှုများ ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး သေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့‌ ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ တပ်ခွဲ ၃တာဝန်ခံက ပြောပါတယ်။

သတင်း

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်​၊ ကျုံဒိုးမြို့ အနီးက လေးတိုင်ရွာ ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

Facebook