close
Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်ကာလအပါအဝင် (၁၈)နှစ်အထက်လူငယ်များကို ဒုလ္လဘရဟန်းခံခွင့်မပြုရန် ဘုန်ကြီးကျောင်းများအား စစ်ကောင်စီ ဖိအားပေး

စစ်သားသစ်စုဆောင်းရန်ဆိုကာ စစ်ကောင်စီက သင်္ကြန်ကာလအပါအဝင် (၁၈)နှစ်အထက် လူငယ်များကို ဒုလ္လဘရဟန်းခံခွင့်မပြုရန် ဘုန်ကြီးကျောင်းများအား ဖိအားပေးနေကြောင်း People’s Springက စုံစမ်းသိရသည်။

စစ်မှုထမ်းရန်အတင်းခေါ်ဆောင်ထားသော တပ်သားသစ်များအား စစ်တပ်က သင်တန်းပေးနေစဉ်။ ဓာတ်ပုံ - စကစ

ဧပြီ ၁၁၊၂၀၁၅။ရဲခေါင်/People’s Spring

စစ်သားသစ်စုဆောင်းရန်ဆိုကာ စစ်ကောင်စီက သင်္ကြန်ကာလအပါအဝင် (၁၈)နှစ်အထက် လူငယ်များကို ဒုလ္လဘရဟန်းခံခွင့်မပြုရန် ဘုန်ကြီးကျောင်းများအား ဖိအားပေးနေကြောင်း People’s Springက စုံစမ်းသိရသည်။

လူထုနွေဦးက စုံစမ်းသိရှိရသည့် အချက်အလက်များအရ မဟာစည်၊မိုးကုတ်၊ရွာမအစရှိသည် နာမည်ကြီး ဘုန်ကြီးကျောင်းတိုက်များအပြင် ရပ်ကွက်အလိုက် ဘုန်ကြီးကျောင်းများပါ လူငယ်များ ဒုလ္လဘရဟန်းခံခွင့်မပြုရန် ဖိအားပေးနေသည်ဟု ဆိုသည်။

” မဟာစည်မှာ ဘုန်းကြီး၀တ်ဖို့မေးတာ အသက်မေးတယ်။လူပြည့်နေတယ်ဆိုပြီး ပေးမ၀တ်ဘူး”ဟု ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ယခု သင်္ကြန်ကာလ ဒုလ္လဘရဟန်းခံခွင့်မရသည့် အခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့နယ်ရပ်ကွက်များရှိ ဘုန်ကြီးကျောင်းများတွင်လည်း လွန်ခဲ့သည့်တစ်လခန့်ကတည်းက ရဟန်းခံရှင်ပြုမည့် အကြောင်းအရာကို ကြိုတင်စာရင်းပေးသွင်းမှုကို ခွင့်မပြုတော့ကြောင်း ဆက်သွယ်အကြောင်းကြားလာသည်ဟု မြောက်ဒဂုံမြို့နယ်နေသည့် ရဟန်းအမတစ်ဦးက ပြောသည်။

“သားရယ်၊ မောင်လေးရယ် ပြီးတော့ အကိုတွေရယ်ကို စာရင်းပေးပြီးသား အဲဒီ့ဘုန်ကြီးကျောင်းမှာ။ဒါပေမယ့် မနေ့က(ဧပြီ ၁၀ ရက်)က ဘုန်ကြီးကျောင်းက သားဖြစ်သူ (၁၁ နှစ်အရွယ်)ကိုပဲ ရှင်ပြုလို့ရမယ်။အသက်ကျော်တဲ့အမျိုးသားတွေက မရဘူးဆိုလို့ အလှူပွဲကိုဖျက်လိုက်ရတယ်”ဟု ၎င်းက ပြောသည်။

အသက်(၁၈)နှစ်အထက် အမျိုးသားများကို ရဟန်းခံခွင့်မပြုတော့သည်မှာ ပဲခူးတိုင်း၊ဖြူးမြို့နယ်တွင်လည်း ကန့်သတ်ခံရကြောင်း အဆိုပါဒေသခံများက ဆိုသည်။

“နှစ်တိုင်းဝတ်နေကြဆိုတော့ ဒီနှစ်လည်းဝတ်မယ်ဆိုပြီး လုပ်တော့ အသက်(၁၈)နှစ်အထက်တွေ ဝတ်မရပါဆိုပြီးလုပ်တော့ မဝတ်ရတော့ဘူးပေါ့”ဟု အထက်ပါအမျိုးသားက ပြောသည်။

အဆိုပါကန့်သတ်ချက်ကို စစ်ကောင်စီ၏ သာသာနာရေးဝန်ကြီးဌာနမှတဆင့် မြို့နယ်သံဃနာယက က ထပ်ဆင့်ညွှန်ကြားခြင်းဟု အင်းစိန်မြို့နယ်ဘုန်ကြီးကျောင်းတိုက်တစ်ခု၏ ကျောင်းတိုင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“သင်္ကြန်ကာလမှာ အသက်ပြည့်ပြီးတဲ့ အမျိုးသားတွေ လက်ခံရဟန်းခံဖို့ နှုတ်အားဖြင့် ပြောထားတယ်”ဟု အထက်ပါ ဆရာတော်က မိန့်ကြားသည်။

သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းခံခြင်းမှာ စစ်မှုထမ်းရန်ရှောင်ရှားခြင်းနှင့် အခြားသော ယူဆချက်များရှိ၍ စစ်ကောင်စီက တားဆီးသောလုပ်ရပ်သည် ရိုင်းစိုင်းယုတ်မာပြီး ဗုဒ္ဓသာသနာကို စော်ကားခြင်းဟု အထက်ပါသတင်းရင်းမြစ်များက မှတ်ချက်ပြုသည်။

“နောက်တစ်ချက်သတိထားရမှာက သင်္ကြန်ကာလမှာ ပျော်မယ့်ပါးမယ့် အမျိုးသားတွေ များများရှိစေချင်တယ်။ပြီးတော့ သူတို့ပေါ်တာဆွဲကြလိမ့်မယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လွန်ခဲ့သော ၁၄နှစ်က စစ်အစိုးရပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ​အာဏာသိမ်း​ခေါင်း​ဆောင် အမိန့်ဖြင့် ၂၀၂၄ ဖေ​ဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅ နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ သင်္ကြန်အပြီးတွင် ပထမအသုတ်အဖြစ် လူဦးရေ ၅,၀၀၀ စတင်ခေါ်ယူခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီတပ်သည် ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ကြီးများတွင် စစ်မှုထမ်းရန် လူငယ်အများအပြားကို အတင်းအဓမ္မဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်သောင်းချီ ဖမ်းဆီးခဲ့ရာ လက်ရှိတွင် စစ်မှုထမ်းအပတ်စဥ် (၁၂)ကို ရောက်ရှိနေပြီဖြစ်သည်။

အာဏာသိမ်းစစ်အုပ်သည် နေ့၊ညအချိန်မရွေး နေအိမ်များအတွင်း ဧည့်စာရင်း အကြောင်းပြ ဝင်ရောက်ပြီး ဖမ်းဆီးခြင်း၊ လမ်းမများပေါ်တွင် လုံခြုံရေးအကြောင်းပြပြီး ဖုန်းပါမကျန် စစ်ဆေးဖမ်းဆီးခြင်း၊ အလုပ်သွား၊ အလုပ်ပြန် အခြေခံလူတန်းစား လူငယ်လူထုကို ပစ်မှတ်ထား ဖမ်းဆီးခြင်းများ ဆက်တိုက်ကျူးလွန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်တွင် စစ်သားမလုပ်လို၍ စစ်သားစုဆောင်းခံရစဉ်ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံရပြီး တပ်သားသစ်စုဆောင်းခံခဲ့ရသည့် (၃၅)နှစ်အရွယ် တပ်သားမျိုးမင်းထွန်းက ၎င်းဦးစီးသည့် ၁၂ဦးပါ စစ်ကောင်စီတပ်ဖွဲ့အားခေါ်ဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

သတင်း

ဖုန်းပျောက်၍ ရဲစခန်းသွားတိုင်ရာမှ စစ်မှုထမ်းရန်အဓမ္မစစ်သားစုဆောင်းခံရသူရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF ထံ ဘက်ပြောင်းခိုလှုံလာသည့် ကိုအောင်သင်းက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်အသစ်များ ဖိတ်ခေါ်ကြောင်း ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကချင်ဒေသ)-KPDFတပ်ရင်းက ဖိတ်ခေါ်လိုက်ပြီး ရဲဘော်သစ်များအတွက် သတ်မှတ်ချက်များကို ဖော်ပြ အသိပေးခဲ့သည်။