ဧပြီ၁၁၊၂၀၁၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံံ(ကပစ -၂၄)မှ ဗိုလ်မှူးသော်ဇင်ဦး အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း Earthquake People’s Defence Force က ယနေ့ (ဧပြီ ၁၁ ရက်) ထုတ်ပြန်သည်။
ဧပြီ ၁၀ရက် ည ၉နာရီတွင် ပခုက္ကူမြို့ စက်မှုန်ဇုံ၊ ရထားဘူတာနှင့် အိမ်ဖြူတော်KTV အနီးတွင် ကပစ (၂၄)မှ ဗိုလ်မှူးသော်ဇင်ဦးအား အနီးကပ်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။
ဗိုလ်မှူးသော်ဇင်ဦး နေရာတွင်သေဆုံးပြီး ၎င်းနှင့်အတူ ကားပေါ်ပါလာသော စစ်ကောင်စီထောက်တိုင် အိမ်ဖြူတော်KTV ပိုင်ရှင် ကိုမြင့်ဦးဆိုသူလည်း သေဆုံးခဲ့ပြီး ကားတစ်စီးသိမ်းဆည်းရရှိကြောင်း အသိပေးသည်။

Public Service Announcement
“စကစ တပ်သားတွေကို နေရာမရွေးအချိန်မရွေးတိုက်ခိုက်သွားမှာကြောင့် ပြည်သူများအနေနဲ့ အသွားအလာ ဂရုစ်ိုက်ဖို့ပြောချင်ပါတယ်”ဟု Earthquake People’s Defence Force တာဝန်ရှိသူက ယမန်နေ့က တိုက်ခိုက်မှုဖြစ်စဥ်အပေါ် လူထုနွေဦးသို့ ပြောသည်။
တိုက်ခိုက်မှုကို Earthquake Prople’s Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Forc၊ Hunter PKU၊ Black Cheater၊ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း (၃)တပ်ခွဲ (၄)နှင့် ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကပစ (၂၄)မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်ကောင်စီထောက်တိုင် ကိုမြင့်ဦးသေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုရန် ဒေသခံများသို့ ဆက်သွယ်နေဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ပခုက္ကူဂေါက်ကွင်းမှ ပြန်လာစဥ် ဗိုလ်မှူးသော်ဇင်ဦးနှင့် အပေါင်းအပါတစ်ဦးသေဆုံးကြောင်း ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြင့်လာသောကြောင့် စစ်ကောင်စီတပ်စခန်း၊ စစ်ကောင်စီတပ်သားများနှင့်ဝေးရာတွင် သွားလာနေထိုင်ရန်လည်း Earthquake People’s Defence Force က မေတ္တာရပ်ခံသည်။
