close
Connect with us

Hi, what are you looking for?

သတင်း

ဖုန်း​ပျောက်၍ ရဲစခန်းသွားတိုင်ရာမှ စစ်သားသစ်စု​ဆောင်းခံရ​သော လူငယ်ရှိ

ဖုန်းပျောက်၍ ရဲစခန်းသွားတိုင်ရာမှ စစ်မှုထမ်းရန်အဓမ္မစစ်သားစုဆောင်းခံရသူရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF ထံ ဘက်ပြောင်းခိုလှုံလာသည့် ကိုအောင်သင်းက ပြောသည်။

ယခုဆန်းပိုင်းက အလင်းဝင်လာသူ ကိုအောင်သင်း(ဝဲယာဘက်)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF မိုးဗြဲ ဇုန် တပ်ရင်းမှူး ကိုသိန်းထွန်း အားတွေ့ရစဥ်။ ဓာတ်ပုံ- Ko Gyi Thein Tun

ရဲခေါင်/People’s Spring

ဖုန်းပျောက်၍ ရဲစခန်းသွားတိုင်ရာမှ စစ်မှုထမ်းရန်အဓမ္မစစ်သားစုဆောင်းခံရသူရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF ထံ ဘက်ပြောင်းခိုလှုံလာသည့် ကိုအောင်သင်းက ပြောသည်။

ကိုအောင်သင်းစစ်သားသစ်အဖြစ်စု​ဆောင်းခံရသည်မှာရဲများနှင့် စကားများရာမှ စခန်း​ခေါ်၍ ၂၀၂၄ ခုနှစ် သြဂုတ် လ ၁၅ ရက်တွင်က အဓမ္မစစ်မှုထမ်းရန်စုဆောင်းခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်း၊ကန်ကြီးဒေါင့်မြို့နယ်တွင်နေထိုင်​သော၎င်း က​ပြောသည်။

“စုဆောင်းခံရတာတော့ကျွန်တော်ရဲ နဲ့ တနေ့ ပြဿနာတက်တယ်။ကျွန်တော်မူးနေတော့ရဲက ကျွန်တော့်ကို ဘာမှ မပြောဘူး။စခန်ရောက်မှ ရှင်းဆိုပြီးတော့။အဲဒါနဲ့ပဲ ကျွန်တော့်ကို တခါတည်းဆွဲထည့်လိုက်တာပဲ။ကျန်တဲ့ကိစ္စ ဘာမှ မသိရဘူး။ဖြစ်တာက ၈ လပိုင်း ၁၅ ရက်နေ့ ၂၀၂၄ ။သင်တန်း တက်ကတာက ၉ လပိုင်း ၉ ရက်နေ့ကစပြီး သင်တန်း တက်ရတာ။ကိုယ်တစ် ယောက်တည်းဆိုပြီး ပထမ ကထင်နေတာ။အဲဒီထဲရောက်ကာမှ လူငယ်တွေနဲ့သွားတွေ့တယ်။တချို့ဆိုရင်ဖုန်းပျောက်လို့ ရဲစခန်းသွား တိုင်တာ။အလုပ်ရှုပ်တယ်ဆိုပြီးတခါတည်းဆွဲထည့်လိုက်တာ။အဲဒါမျိုးတွေ တွေ့ရတယ်”ဟု စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစုဆောင်း မှုအခြေအနေအား ကို​အောင်သင်းက ပြန်​ပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်သင်တန်းဆင်းပြီးနောက် ကရင်နီပြည်နယ်စစ်

ဆင်ရေးသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပို့ဆောင်ခံရပြီး နှစ်လ နှင့် ၁၂ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်တွင်းမှ ထွက်ပြေး လွတ် မြောက်ခဲ့ရကြောင်း အသိပေးသည်။

“စုဆောင်းရေးစကတည်းက ထွက်ပြေးဖို့ကြိုးစားတယ်။ဘယ်လိုမှ မအောင်မြင်ဘူး။သူတို့က အလုံပိတ်ထားတာ။မတိုက်ချင်ဘူး။ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း။ပြီ တော့ ကိုယ်တင်မဟုတ်ဘူး။ကျွန်တော့်ညီငယ်တွေလည်း ဘယ်သူမှ မတိုက်ချင်ဘူး။မတရားကြီးလည်းစုဆောင်းခံထားရတယ်ဆိုတော့။အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ချိတ်ဆက်ပြီးတော့ လွတ်မြောက်လာရတာပေါ့”ဟု ကိုအောင်သင်းက သူ့အ​တွေ့အကြုံကိုပြောသည်။

အဓမ္မစုဆောင်ခံရသူများ ထွက်မပြေးနိုင်ရန် ဖုန်းများ သိမ်းထားပြီး ထွက်ပြေးပါက သတ်ပစ်ခံရနိုင်ကြောင်း စစ်ကောင်စီက တပ်တွင်းခြိမ်းခြောက်ထားသည်ဟုလည်း သိရသည်။

Spring Revolution Database (SRD) ၏ အစီ ရင်ခံစာအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၁ မှ လက်ရှိ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂,၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။

“ကျီးလန့်စာ စားနေရတဲ့အဖြစ်။အရင်က စက်ဘီးနဲ့ delivery ပို့တာ။ဒီလ ၂ ရက်နေ့က ကျွန်တော်တို့နဲ့ အလုပ်တူတဲ့တစ်ယောက် တောင်ဒဂုံမှာ ပစ္စည်းသွားပို့ရင်နဲ့ နေ့ခင်း ဘက်ကြီး ဖမ်းခံလိုက်ရတယ်။အခု စစ် တပ်ထဲရောက်သွားပြီလို့ သိရတယ်။အဲဒီကနေ ကျွန် တော်လည်း ကြောက်တာနဲ့အလုပ်နားပြီး အခုရပ်ကွက်ထဲ ပန်ရံ၊နေ့စားနဲ့ ရှိတဲ့အလုပ်လိုက်လုပ် နေရတယ်။မအလ အောက်မှာ တော်

တော်လေးကို အနေကြပ် အသေခက် နေရတာပါပဲ”ဟု ရန်ကုန်မြို့ခံအမျိုးသား တစ်ဦးက လူထုနွေဦးသို့ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်​ကောင်စီက ပြည်သူ့ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ ၎င်းတို့(စစ်ကောင်စီ) လိုသလို ခိုင်းစေနိုင်သည်။

လူထုနွေဦးကစုဆောင်းထားသည့် စစ်ရေးအချက် အလက်များနှင့် တိုက်ပွဲသတင်းများအရ အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊လူရွယ်များကို စစ်ကောင်စီကသင်တန်းဆင်းပြီး​နောက် ရှေ့တန်းစစ်မျက်သို့ချက်ချင်း အသုံးပြုနေပြီး တိုက်ပွဲများတွင်​သေဆုံးဒဏ်ရာရသူ ထွက်​ပြေးသူများစွာရှိနေသည်။

အဓမ္မစစ်မှုထမ်းရန် စုဆောင်းခံရသူများအနေဖြင့် စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့်နီးစပ်ရာပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများထံဆက်သွယ်၍ ဘက်ပြောင်းခိုလှုံရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးအင်အားစုများက တိုက်တွန်း ထားသည်။

ဘက်ပြောင်းခိုလှုံလာသော လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင် ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်းကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့် တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်အကျဉ်းချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်ရှိ နမ့်နောက်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာဘုန်ကြီးကျောင်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံး(EPC)အားယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၇၂၂)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာကြောင်း ကရင်နီပြည်ပြည်သူ့လွတ်မြောက်‌ရေးတပ်မတော်(KPLA- ၉၄၂၅) ယနေ့(ဖေဖော်ဝါရီ ၁၂ရက်)တွင် ထုတ်ပြန်သည်။