close
Connect with us

Hi, what are you looking for?

သတင်း

ကျိုင်းတုံ – တောင်ကြီးလမ်းပိုင်းမှာ ခရီးသည်တင်ကား ချောက်ထဲထိုးကျလို့ ၇ ဦးဆုံးပါး

ရှမ်းပြည်နယ် ကျိုင်းတုံ – တောင်ကြီး လမ်းပိုင်းရဲ့ စပယ်ရှယ်တောင်အဆင်း လက်ပံပင်ကွေ့မှာ မနေ့ (ဧပြီ ၈ ) ညပိုင်း ၈ နာရီခန့်က ခရီးသည်တင်ကား ချောက်ထဲ ထိုးကျပြီး ၇ ဦး သေဆုံးသွားတယ်လို့ နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း

ဧပြီ – ၉၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ် ကျိုင်းတုံ – တောင်ကြီး လမ်းပိုင်းရဲ့ စပယ်ရှယ်တောင်အဆင်း လက်ပံပင်ကွေ့မှာ မနေ့ (ဧပြီ ၈ ) ညပိုင်း ၈ နာရီခန့်က ခရီးသည်တင်ကား ချောက်ထဲ ထိုးကျပြီး ၇ ဦး သေဆုံးသွားတယ်လို့ နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

တာချီလိတ်ကနေ လာတဲ့ ခရီးသည်တင် ၆ ဘီးကားဟာ တောင်အဆင်း လမ်းဘေး ချောက်ထဲ ထိုးကျပြီး ၇ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

” အဲဒီနားက မကြာခဏယာဥ်တိမ်းမှောက်တယ် ၊ဒဏ်ရာရတဲ့သူတွေကို ကျိုင်းတုံဆေးရုံကိုပို့ဆောင်လိုက်ပါတယ်”လို့နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ပါဝင်တဲ့အတွက် ဆေးရုံကိုအရေးပေါ်ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ ကျား၊မစာရင်း အတိအကျမသိပေမယ့် အမျိုးသားအများစုပါဝင်တယ်လို့ သိရပါတယ်။

တိမ်းမှောက်မှုဖြစ်ပွားတဲ့ ခရီးသည်တင်ကားဟာ တာချီလိတ်ကနေ မန္တလေး၊မိတ္ထီလာဘက်ကိုပြေးဆွဲနေတဲ့ ယာဥ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကလည်း အခုအခင်းဖြစ်တဲ့နေရာအနီးမှာပဲ ခရီးသည်တင်ကား တိမ်းမှောက်ပြီး လူ၆ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နှစ်သစ်ပထမဆုံးရက် ညပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း သန္နီမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ပြီးခဲ့သည့် တလ​ကျော်တွင် လီဆူတိုင်းရင်းသားရွာဖြစ်​သောသောင်စိန်ရွာကိုမီးရှို့ဖျက်ဆီးသွားခဲ့​သေးသည်။

သတင်း

လူသေဆုံးမှုသတင်းများ ပြင်ပမထွက်ရေး စစ်ကောင်စီဖိအားပေး​ ပိတ်ပင်နေ

သတင်း

ရှမ်းပြည်နယ်တွင် လက်ရှိကြုံတွေ့နေသောရေဘေး ပိုမိုဆိုးရွားလာပြီး မိုးလည်းပိုများလာကာ ရေဘေးကြုံရသည့်မြို့နယ်များအတွက် ကူညီကယ်ဆယ်ရေး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။