close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့ကို ​တော်လှန်​ရေးတပ်များအပြီးသတ် သိမ်းပိုက်

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့ကို ​တော်လှန်​ရေး ပူးပေါင်းတပ်ဖွဲ့များ ယနေ့ ဧပြီ ၇ရက် ည​တွင်အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်သည်။

တိုက်ပွဲဝင်​နေ​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့်အင်း​တော်မြို့အတွင်းပိုင်းမြင်ကွင်းအချို့။ ဓါတ်ပုံ- ကချင်​တောင်တန်း၊ Kachinwave

ဧပြီ-၇၊၂၀၂၅။​နေ့သစ်/People’s Spring

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့ကို ​တော်လှန်​ရေး ပူးပေါင်းတပ်ဖွဲ့များ ယနေ့ ဧပြီ ၇ ရက် ည​တွင်အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်သည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို PDF ၊ ABSDF ၊ပကဖ စ​သော အမှတ် (၁) စစ်​ဒေသ​အောက်ရှိပူးပေါင်းတပ်ဖွဲ့များနှင့် KIAက ၂၀၂၄သြဂုတ်လတွင်စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ဆင်ရေးအတွင်း ရဲစခန်း၊ ထွေအုပ်နှင့် ဌာနဆိုင်ရာရုံးများအားမြို့နယ် ဧရိယာအများစုကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်ကဂျပန်လှိုဏ်ဂူ နှင့် ဘုရားကုန်း တွင်ခံစစ်အခိုင်အမာ ပြင်ဆင်၍ခုခံပြီး ​လေ​ကြောင်းမှ ဗုံးကြဲ၍ အပြင်းအထန်ခုခံသည်။

ထို​နောက်​တော်လှန်​ရေးတပ်များကထိုးစစ်ကိုခတ္တရပ်နားပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်သည်။ထိုးစစ်ဆင်လိုက် ခတ္တရပ်နားလိုက်ဖြင့်တိုက်ခဲ့ပြီး ဧပြီ ၇ ရက်​နေ့တွင် လက်ကျန်စစ်​ကောင်စီတပ်ကို ထိုးစစ်ဆင်ရာ စစ်တပ်က​လေ​ကြောင်းမှ အပြင်းအထန်ခုခံသည့်ကြားမှမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဧပြီလ ၆ရက် နံနက်တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီးလေကြောင်းမှပါ ပစ်ခတ်လာ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ဧပြီ ၇ရက်​နေ့တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၈နာရီခန့်တွင် နောက်ဆုံးလက်ကျန်စစ်စခန်းကုန်းကို တိုက်ခိုက်ပိုက်လိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီဘက်တွင်သေဆုံးမှုများပြားပြီး ဖမ်းမိထားသူအချို့လည်းရှိကြောင်း သိရသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“သိမ်းရတာဟုတ်တယ်။သူတို့(စစ်​ကောင်စီ)ကနေဒီမနက်လည်း လေယာဉ်ဗုံးသွားကြဲတယ်။မနက်က Y12နဲ့ ဗုံး ၄၀ကျော်လောက် ကြဲသွားတယ်။”ဟုစစ်​ရေးသတင်းရင်းမြစ်ကလည်းပြောသည်။

အင်း​တော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ခြင်းအ​ပေါ်စစ်​ရေးသရင်းမြစ် ၅ ဦးက​အတည်ပြုသည်။

အင်း​တော်မြို့သိမ်းတိုက်ပွဲ အခြေအနေနှင့် စစ်သုံ့ပမ်း၊ လက်နက်ခဲယမ်း ရရှိမှု အခြေအနေများဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

​မြို့သိမ်းတိုက်ပွဲအတွင်း​တော်လှန်​ရေးတပ်ဖွဲ့များဘက်မှလည်းထိခိုက်ကျဆုံးမှုများရှိခဲ့​ကြောင်းသိရသည်။စစ်ကောင်စီက ဧပြီ ၇ ရက်ညပိုင်းအထိ လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၈ရက် နံနက်ပိုင်း၌ ငြိမ်သက်နေကြောင်း သတင်းရရှိသည်။

အင်း​တော်မြို့သိမ်းပိုက်နိုင်ပြီဖြစ်၍ ​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးတပ်များကနိုင်ငံတစ်ဝန်းသိမ်းပိုက်ထိန်းချုပ်ထား​သောမြို့​ပေါင်း အနည်းဆုံး ၉၅ မြို့ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ရပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ယနေ့(ဧပြီ ၁ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး

Facebook