close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ကြီး ကပစ(၁၁)တိုက်ခိုက်မှု စစ်ကောင်စီတပ် ထိခိုက်မှုများဟု U.S.Oပြော

ရန်ကုန်မြို့၊တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၁)ကာကွယ်ရေးပစ္စည်းထုတ်လုပ်‌ရေးစက်ရုံ (ကပစ-၁၁) တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ အရာရှိအပါအဝင် ၁၆ဦးအပြင်းအထန်ဒဏ်ရာရကြောင်း Urban Special Operation (U.S.O)က အသိပေးသည်။

ဧပြီ ၇၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၁)ကာကွယ်ရေးပစ္စည်းထုတ်လုပ်‌ရေးစက်ရုံ (ကပစ-၁၁) တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ အရာရှိအပါအဝင် ၁၆ဦးအပြင်းအထန်ဒဏ်ရာရကြောင်း Urban Special Operation (U.S.O)က အသိပေးသည်။

ကပစ-၁၁ကို U.S.O နှင့် Shadow (S.A.F)တို့ပူးပေါင်း၍ ဧပြီ ၄ရက် ည ၉နာရီ ၅၀မိနစ်တွင် တာဝေးပစ်မစ်ဇိုင်းဒုန်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အတွင်းဖရဲသီးသတင်းပေးများရဲ့ သတင်း‌ပေးပို့ချက်အရ လက်နက်ငယ်စက်ရုံ ပျက်စီး၊ ရိက္ခာဂိုဒေါင်နှင့် ခဲယမ်းဂိုဒေါင် မီးလောင်ပျက်စီးမှုရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ အရာရှိနှင့်တပ်သား (၁၆)ဦး ပြင်းထန်ဒဏ်ရာရရှိထားပြီး (၅)ဦး ကျဆုံးကြောင်း သတင်းရရှိထားပါသည်။”ဟု U.S.Oကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ထို့အပြင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ သတင်းမထွက်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး လုံခြုံရေးတိုးမြှင့်ကာ အရပ်ဝတ်များဖြင့် နယ်မြေရှင်းလင်းရေးများပြုလုပ်နေသောကြောင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် သတိထားရန် U.S.Oက အသိပေးထားသည်။

ကပစ-၁၁သည် စစ်ကောင်စီအတွက် လိုအပ်သည့် လက်နက်ခဲယမ်းနှင့်အစိတ်အပိုင်းများကို ထောက်ပံ့ပို့‌ဆောင်နေကြောင်း အတွင်းသတင်းရရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုညU.S.Oက ဆိုသည်။

ဆက်လက်၍လည်း မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်‌သောကြောင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ကံထူး"ဆိုတဲ့ နာမည်က သူ့ အသက် ၂၄ နှစ်ထဲရောက်မှ ရတာ။ နာမည်ပေးကင်ပွန်းတပ် ကိတ်မုန့်ကျွေးပြီးလွယ်လွယ် ရလာတဲ့ နာမည်​တော့ မဟုတ်ခံ့ပါဘူး။ ကံထူး ရယ် လို့ ဖြစ်လာပုံဇာတ်လမ်းအစကိုပြန်ပြန်ရရင်​တော့ ...။

သတင်း

မြို့ပြအထူးစစ်ဆင်ရေး U.S.O သည် ရန်ကုန်မြို့တွင် စစ်ဆင်ရေးများအရှိန်မြှင့်မည့်အကြောင်း စင်တင်ဘာ ၁၅ ရက်တွင်ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ဆင်ရေးလေးကြိမ်လုပ်ဆောင်ခဲ့သည်။

Trending

Facebook