close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့၉၅ မြို့ရှိလာ

အမှတ်(၁)စစ်​ဒေသ​အောက်မှာရှိတဲ့PDF၊ ABSDF ၊ အထူးကွန်မန်ဒိုတပ်ရင်း​တွေ၊ပကဖ ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေ နဲ့ KIA တို့က စစ်ကိုင်းတိုင်းအင်း​တော်မြို့ကို ဧပြီ ၇ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်​နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၅ မြို့ ရှိလာပြီဖြစ်ပါတယ်။

People's Spring အင်ဖိုဂရပ်

People’s Spring

အမှတ်(၁)စစ်​ဒေသ​အောက်မှာရှိတဲ့ PDF၊ ABSDF၊ အထူးကွန်မန်ဒိုတပ်ရင်း​တွေ၊ ပကဖ ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေ နဲ့ KIA တို့က စစ်ကိုင်းတိုင်းအင်း​တော်မြို့ကို ဧပြီ ၇ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်​နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၅ မြို့ ရှိလာပြီဖြစ်ပါတယ်။

​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ သြဂုတ်လကတည်းကထိုးစစ်ဆင်လိုက် ခတ္တရပ်နားလိုက်၊ပြန်ထိုးစစ်ဆင်လိုက်နဲ့ တိုက်ခိုက်ခဲ့ပြီး ဧပြီ ၇ ရက်ညမှာမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဧပြီ ၇ ရက်​နေ့မှာ ချင်းညီ​နောင်ကလည်း ချင်းပြည်နယ်က ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ သတင်း​တွေ ကျယ်ကျယ်ပြန့်ပြန်ြထွက်​ပေါ်​​နေ​ပေမယ့် ​ချင်းညီ​နောင်ဘက်က တရားဝင်သတင်းထုတ်ပြန်တာကို​စောင့်​ပေးဖို့​ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာ စစ်​ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပြီး တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်​နေပါတယ်။ MNDAA နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ဖိအား​ပေးမှုနဲ့ MNDAA က စစ်​ကောင်စီကို ဧပြီ တတိယပါတ်မှာမြို့​ပေါ်ရပ်ကွက်​​တွေကိုပြန်လွှဲ​​ပေးရမယ်ဆိုတဲ့ သတင်း​တွေလည်းကျယ်ပြန့်စွာထွက်​ပေါ်​နေပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ KIAက ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့လက်ကျန်တပ်ရင်း​တွေ၊တပ်ရင်းဌာနချုပ်​တွေ၊ စခန်း​တွေထိုးစစ်ဆင်​နေသလို၊ ကရင်နီပူး​ပေါင်းတပ်က လည်း ​ဘော်လခဲမြို့က စစ်တပ်စခန်း​တွေ ၊တပ်ရင်း​တွေကို ထိုးစစ်ဆင်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူးတွဲပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ရက်ကကျင်းခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များက ယနေ့(မတ်လ ၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

သတင်း

ABSDF မွေးနေ့တွင် တပ်ဖွဲ့ဝင် ရဲဘော်ထုသို့ ဥက္ကဋ္ဌရဲဘော်သံခဲက ပေးပို့သည့် သဝဏ်လွှာကိုလည်း ထုတ်ပြန်ခဲ့ရာ (၃၆)နှစ်တာကာလအတွင်း တော်လှန်ရေးသမိုင်း၌ ကျဆုံးခဲ့သည့်အာဇာနည်ရဲဘော်အပေါင်းကို ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

Trending

Facebook