close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ Win Star Hotel ပြိုကျမှု ရုပ်အလောင်းနှစ်လောင်း ထပ်တွေ့

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ရှိ Win Star Hotel အဆောက်အအုံ ပြိုကျ၍ ပိတ်မိနေသူများအားရှာဖွေရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်သည်။

မန္တလေးမြို့ရှိ Win Star Hotel အဆောက်အအုံ ပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေနေစဉ်။ ဓာတ်ပုံ - MFSD

ဧပြီ ၇၊၂၀၂၅/People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ရှိ Win Star Hotel အဆောက်အအုံ ပြိုကျ၍ ပိတ်မိနေသူများအားရှာဖွေရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်သည်။

မန္တလေးမြို့ရှိ Win Star Hotel အဆောက်အအုံ ပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေနေစဉ်။ ဓာတ်ပုံ – MFSD

ယနေ့(ဧပြီ ၇ရက်)တွင် Win Star Hotel အဆောက်အအုံ ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ရုရှားနိုင်ငံမှ အဖွဲ့ဝင်များနှင့် ပူးပေါင်းရှာဖွေရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိပြီး ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။

ထို့အပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၌ ပြိုကျခဲ့သည့် Sky Villaကွန်ဒိုအဆောက်အဦးအတွင်းမှ ကလေးနှစ်ဦးအပါအဝင် ရုပ်အလောင်း ၁၀လောင်း ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့(ဧပြီ ၇ရက်) နေ့လည်ပိုင်းတွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Sky Villa ကွန်ဒိုအဆောက်အဦး ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား တရုတ်နိုင်ငံမှ Blue Sky Rescue ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေနေကြောင်း အသိပေးသည်။

ယနေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကလေး နှစ်ဦးအပြင် အမျိုးသမီးရုပ်အလောင်း ရှစ်​လောင်းတွေ့ရှိသည်ဟု ဆိုသည်။

ငလျင်ဘေးကြောင့် ဧပြီ ၆ရက်ညနေအထိ စာရင်းအရ သေဆုံးသူ ၃၅၆၄ဦး သေဆုံးပြီး၊ ၅၀၁၂ဦး ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူ ၂၁၀ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

သတင်း

သေနတ်ပြောင်းဝတွေရဲ့ ရှေ့မှာ ကယ်ဆယ်ရေး မလုပ်ချင်တော့လို့ နေရပ်ပြန်သွားခဲ့တယ်ဆိုတဲ့ အိန္ဒိယ နိုင်ငံသား စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား တစ်ဦးရဲ့ Facebook ပို့စ်ဟာ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ပြီး အိန္ဒိယ အစိုးရရဲ့ ရပ်တည်ချက်ကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်းတိုင်းနှင့်ပြည်နယ်အနှံ့၌ လာမည့် ၂၄နာရီအတွင်း မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

သတင်း

မြန်မာ့ငလျင်ဘေးကို လာရောက်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ အိန္ဒိယ ၊ စင်ကာပူနဲ့မလေးရှား အဖွဲ့တွေ ပြန်လည်ထွက်ခွာသွားကြပြီလို့ သက်ဆိုင်ရာအဖွဲ့တွေ ရဲ့ ထုတ်ပြန်အသိပေးချက်အရသိရပါတယ်။

Trending

Facebook