close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ကူညီရေး အာဆီယံရဲ့ လုပ်ဆောင်မှုတွေကို ဦးဆောင်သွားမယ်လို့ မလေးရှားပြော

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ မလေးရှားဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးအပြီး မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အကူအညီ အမျိုးအစားတွေကို သေချာ ဆန်းစစ် လေ့လာပြီး အဖွဲ့ဝင် နိုင်ငံတွေနဲ့ ညှိနှိုင်း စုစည်းပေးသွားမယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတက်ခ် ဆာရီ မိုဟာမက် ခါလက်ဒ် နော်ဒင်းက ပြောပါတယ်။

နောက်ပြီး မြန်မာဖက်က လိုအပ်တဲ့ အကူအညီ တောင်းခံမှုတွေကိုလည်း သူ့ရဲ့ ဝန်ကြီးဌာနက သတင်းအချက်အလက်တွေ ရရှိထားပြီး ဖြစ်တယ်လို့ နော်ဒင်းက ပြောပါတယ်။

အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ အာဆီယံကိုယ်စား လူသားချင်းစာနာမှု အကူအညီတွေ မြန်မာနိုင်ငံကို ပေးပို့မယ့် လုပ်ငန်းစဉ်မှာ ဦးဆောင် စည်းရုံးသွားမှာဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဒါတက်ခ် ဆာရီ မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ချိန်မှာ မြန်မာဖက်က လိုအပ်ချက်တွေကို တင်ပြ အကူအညီ တောင်းခံခဲ့ကြောင်း နော်ဒင်းက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်က အကူအညီ တောင်းခံမှုတွေထဲမှာ ကွင်းဆင်းကုသမှုတွေအတွက် မြေပြင်ဆေးရုံတစ်ခု ယာယီဖွင့်လှစ်နိုင်ရေးလည်း ပါရှိပါတယ်။ မလေးရှား အစိုးရ အနေနဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးတဲ့အခါ အဲဒီ လိုအပ်ချက်ကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နှစ်ရက်အကြာမှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာအတွက် ဒေါ်လာ ၂.၃ သန်းဖိုး လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ အဖွဲ့ဝင် ၅၀ ပါတဲ့ ကယ်ဆယ်ရေး အဖွဲ့ကိုလည်း မလေးရှားက စေလွှတ်ပေးခဲ့ပါတယ်။

ဧပြီ ၇ ရက်နေ့မှာတော့ ကယ်ဆယ်ရေး ဝန်ထမ်း ၁၃ ဦး ပါဝင်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာတွေ၊ စောင်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ စုစုပေါင်း ၈ တန်ကျော်လောက် တင်ဆောင်လာတဲ့ မလေးရှား လေယာဉ် တစ်စီးဟာလည်း နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: The Star

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကို မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သွားမည်ဟု စစ်ကောင်စီက ယနေ့(ဧပြီ ၇ရက်)တွင် ထုတ်ပြန်သည်။

ဆောင်းပါး

ဒါကသမိုင်းတ​လျှောက်ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ပြီးတစ်ပတ်ကျော်အကြာကမန္တလေးမြို့တ​နေရာရဲ့ မြင်ကွင်းဖြစ်ပါတယ်။ မန္တ​လေးမြို့ရဲ့ လမ်းအားလုံးနီးပါးမှာ ငလျင်ကြီး​ကြောင့်အ​ဆောက်အအုံပျက်​ မရှိတဲ့လမ်း မ​တွေ့ရ​ပါဘူး။

သတင်း

သေနတ်ပြောင်းဝတွေရဲ့ ရှေ့မှာ ကယ်ဆယ်ရေး မလုပ်ချင်တော့လို့ နေရပ်ပြန်သွားခဲ့တယ်ဆိုတဲ့ အိန္ဒိယ နိုင်ငံသား စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား တစ်ဦးရဲ့ Facebook ပို့စ်ဟာ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ပြီး အိန္ဒိယ အစိုးရရဲ့ ရပ်တည်ချက်ကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်းတိုင်းနှင့်ပြည်နယ်အနှံ့၌ လာမည့် ၂၄နာရီအတွင်း မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

Trending

Facebook