close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင် စစ်ကိုင်းမြို့လာရောက်စဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ

ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းမြို့သို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် စစ်ကိုင်းမြို့ရောက်ရှိလာစဉ်။ ဓာတ်ပုံ - စကစ

ဧပြီ ၇၊၂၀၂၅။ခွာညို/People’s Spring

အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းမြို့သို့သွားစဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ

ခွာညို/People’s Spring

ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ရ ရက် မန္တ​လေးနှင့် စစ်ကိုင်းသို့ ​နေ့ချင်းပြန်သွား​ရောက်ခဲ့သည်။ငလျင်ဗဟိုချက်နှင့် အနီးဆုံး စစ်ကိုင်းမြို့သို့ မန္တလေးမြို့မှတစ်ဆင့် ဧပြီ ၆ ရက်​နေ့ခင်းပိုင်းတွင်ရောက်ရှိလာခြင်းဖြစ်သည်။

“တပ်မ (၃၃)ထဲက ကောင်တွေ အကုန်လုံခြုံရေး ယူတယ်။ ထူးဆန်းတာကအချုပ်ကားခါလီ
(အလွတ်)တစ်စီးပါလာတယ်ဗျ။ ကယ်ဆယ်ရေးလုပ်နေတဲ့ အထဲက စစ်ကိုင်းတိုင်းထဲက လူငယ်တချို့ ဖမ်းသွားတယ်ကြားတယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

စစ်ကိုင်းမြို့​ပေါ်မှလူငယ်တချို့ဖမ်းဆီးခံရကြောင်း စစ်ကိုင်းတိုင်းမှ PDFတဦးက ပြောသည်။ဖမ်းဆီးခံရသည့်သူငယ်များနှင့်ပတ်သက်၍ People’s Spring ကအ​သေးစိပ်မသိရ​သေး​ပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအခြေအနေအရ စစ်ကိုင်းမြို့ပေါ်သို့ မသွားကြဘဲ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများတွင်သာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကလေးတချို့ အဖမ်းခံရတယ်။ PDFလို့ စွပ်စွဲပြီးဖမ်းတာလား။ စစ်သားစုဆောင်းတာလားတော့မသိဘူး။ လူငယ်တချို့ဖမ်းဆီးခံရတာမှန်တယ်။ စိတ်ထင်ရာတွေလုပ်နေတာ ဒီကောင်တွေရဲ့ယုတ်မာမှုကို စကားနဲ့တောင်ပြောမတတ်ဘူး”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၃ မတ်လတွင် နောက်ဆုံးသွားရောက်ခဲ့ပြီး ၂ နှစ်ကြာပြီးမှ ငလျင်လှုပ်ပြီး​​နောက်စစ်ကိုင်းမြို့သို့ သွားခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ပြီး ဆယ်ရက်အကြာမှ ရောက်လာခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် ရဟတ်ယာဉ်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့သည်။

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ဒေသများသို့ အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပေးပို့ကူညီမှုများကို ကန့်သတ်နေပြီး တော်လှန်ရေးအားအကောင်းဆုံးဖြစ်သည့်စစ်ကိုင်း တိုင်းကို ကျန် ဒေသများထက် ပိုမိုကန့်သတ်ထားသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များ သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင် ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုမည်ဟု စစ်ကောင်စီဒုတိယခေါင်းဆောင်ကဧပြီလ၅ရက်တွင် ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းတွင် စစ်ကိုင်းမြို့သည် ငလျှင်ဒဏ်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။ မတ်လ ၂၈ရက်က လှုပ်သည့်ငလျင်ကြောင့်စစ်ကိုင်းတိုင်းအတွင်းပြည်သူ ၆၉၃ဦး သေဆုံးပြီးနှစ်ဦး ပျောက်ဆုံးနေကာ၈၇၀ဦးဒဏ်ရာရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ဧပြီလ၆ရက်တွင်ထုတ်ပြန်ထားသည်။ ဘေးသင့်ပြည်သူ ၄သိန်းကျော်ရှိပြီး နေအိမ်အဆောက်အအုံ ၅၀၀၀ခန့်ပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေသည်ဟု NUGကအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်​ဘေးအတွက် ပြည်ပနိုင်ငံများမှဒေါ်လာသန်းဆယ်ချီပမာဏအပြင် ပြည်တွင်း ခရိုနီများထံမှ ငကျပ် ၁၁၆ ဘီလီယံကျော် အလှူ ငွေရရှိထားသည့် စစ်ကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်၏ ​ပြောစကားအ​ပေါ်ပြည်သူများက​ဝေဖန်​နေကြသည်။

သတင်း

မန္တလေးမြို့မှာ ငလျင်ကြောင့် အပျက်အစီးများတဲ့ရပ်ကွက်တွေမှာလျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တာကြောင့် သောက်သုံးရေအခက်အခဲရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ​ရေသန့်အပြင်​ရေသန့်​ဆေး​ပြားတွေ ကူညီကြရင်လည်း အ​ထောက်အပံ့များစွာဖြစ်​စေပါတယ်။

ဆောင်းပါး

အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြေကို ပထမဆုံးခြေချခွင့်ရခဲ့တဲ့ အာဏာ သိမ်းခေါင်းဆောင်က နာရီပေါင်း ၃၀ ပင်မပြည့်ဘဲ နေပြည်တော်ကို ပြန်သွားခဲ့ရပါတယ်။

သတင်း

ဘူတန်ဝန်ကြီးချုပ် Tshering Tobgay ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကို သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ရာ ဝေဖန်ပြစ်တင်မှုတွေနဲ့ တွေ့ကြုံခဲ့ရပြီး အဲဒီဖော်ပြမှု(post)ကို ပြန်လည်ဖယ်ရှားသွားပါတယ်။

Trending

Facebook