close
Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီး ရုပ်အလောင်းများ ထုတ်ယူနေရဆဲ

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ကျော်ရှိနေပြီး ရုပ်အလောင်းများ ထုတ်ယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

အင်းဝမြို့ရှိ မယ်နုအုတ်ကျောင်း ပြိုကျပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️အင်းဝမြို့ဟောင်း သမိုင်းဝင်နေရာများ ပြိုကျပျက်စီး

မတ် ၃၁၊ ၂၀၂၅။ Scorpio/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ကျော်ရှိနေပြီး ရုပ်အလောင်းများ ထုတ်ယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် တံတားဦးမြို့မှာ သေဆုံးသူ ၁၀၀ကျော်ရှိနေပြီး ရုပ်အလောင်းများကို ဒီကနေ့ မတ်လ ၃၁ ရက်အထိ ထုတ်ယူနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လူပေါင်း ၁၅၀ကျော်သေတယ်။ ခုထိလည်း ရုပ်အလောင်းတွေ ထုတ်မပြီးသေးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း “တံတားဦးမယ် မပြိုတဲ့တိုက် မရှိသလောက်ပဲ”လို့ ဆိုပါတယ်။

တံတားမြို့ပေါ်အပြင် မြစ်သာရွာမှာ ဗလီတက်နေကြတဲ့ အစ္စလာမ်ဘာသာဝင်များလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အင်းဝမြို့ဟောင်းရှိ သမိုင်းဝင် မယ်နုအုတ်ကျောင်းအပါအဝင် ရှေးဟောင်းသမိုင်းဝင် နေရာများ၊ စေတီပုထိုးများ အများအပြား ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းဝအနီး ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းပေါ်မှာရှိတဲ့ ဒုဌဝတီတံတားလည်း ပျက်စီးသွားတာကြောင့် အင်းဝကို ပလိပ်ဘက်ကနေ သွားမှသာ ရောက်နိုင်တယ်လို့ သိရပါတယ်။

အကူအညီများလည်း လိုအပ်နေဆဲဖြစ်ပြီး သောက်သုံးရေကအစ ခက်ခဲနေကြောင်း ဒေသခံများက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးအများဆုံး ​မြေငလျင်ကြီးသတင်းကို နိုင်ငံတကာမှ သတင်းထောက်များ လာရောက် သတင်းရယူရန် ခွင့်တောင်းသော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် ယနေ့ (မတ်လ ၃၁ရက်) တစ်ရက်တည်း စစ်ကိုင်း၊မကွေးနှင့် မန္တလေးတိုင်းတို့ကို လေကြောင်းမှ ဗုံးအလုံးရေ ၆၀ထက်မနည်း ကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မန္တလေးတိုင်းအတွင်း ငလျင်ဘေးသင့်ပြည်သူဦးရေနှင့် ပျက်စီးအိမ်ခြေစာရင်းကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံများက ခြိမ်းခြောက်ပြောဆိုမှုများနှင့် လူအခွင့်ရေချိုးဖောက်မှုများ ပြုလုပ်နေကြောင်း ကျူးလွန်ခံရသည့် ပြည်သူများက ပြောသည်။

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို စေလွှတ်ဖို့ အသင့်အနေအထားတပ်လှန့်ပြင်ဆင်ထားတဲ့ကယ်ဆယ်ရေး အဖွဲ့ကို ပြန်လည် ဖျက်သိမ်းစေခဲ့ကြောင်း သိရပါတယ်။

Facebook