close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အမှတ်(၁၂၂၂)တပ်ရင်း TRI ဗျူဟာမှ ရဲဘော်တစ်ဦး ကျဆုံး

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

ငလျင်ဘေးကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်၏ နာရေးအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁၂၂၂) တပ်ရင်း

မတ်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများ ကြောင့် ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရကြောင်းလည်း TRIဗျူဟာက ဖော်ပြသည်။

ငလျင်ကြောင့် ရဲဘော်ကျဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး TRI ဗျူဟာကို လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ လက်အောက်ခံ TRI ဗျူဟာသည် မန္တလေးတိုင်း စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တာဝန်ကျလှုပ်ရှားနေသည့် တပ်ရင်းတစ်ခု ဖြစ်သည်။

TRIဗျူဟာအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများသို့ အမြန်ဆုံးရောက်ရှိကာ ထိခိုက်ဒဏ်ရာရပြည်သူများအား ဆေးဘက်ဆိုင်ရာ အရေးပေါ်ကုသမှုများ ဆောင် ရွက်ပေးနေကြောင်းလည်း အသိပေးသည်။

ထို့အပြင် TRIဗျူဟာရှိရဲဘော်များအားလုံးသည် တာဝန်ကျရာ ကျေးရွာများ၊ ရပ်ကွက်များတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးသော အဆောက်အဦးများ၊ လမ်းများပိတ်ဆို့ပျက်စီးမူများအား ဖယ်ရှားရှင်းလင်းခြင်းနှင့်အခြား လိုအပ်သည့်အကူညီများ အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ကတိပြုသည်။

ထို့အပြင် လုပ်အားပေးခြင်းဖြင့် ပါဝင်လိုပါကလည်း TRIဗျူဟာ၏ မြေပြင်အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍လည်း ကူညီနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUGစိုးမိုးအုပ်ချုပ်နယ်​မြေအတွင်း ယခု မတ်လ ၂၉ ရက်အထိ သတင်းအချက်အလက်​အရ ငလျင်ဒဏ်​ကြောင့် အသက်​သေဆုံး စစ်ကိုင်းမြို့နယ်(မြို့​ပေါ်မပါ) ၌ ၁၈ဦး၊​ရွှေဘိုမြို့နယ်၌ လေးဦး၊ဝက်လက်မြို့နယ်၌ ၅ဦး နှင့် စဥ့်ကူးမြို့နယ်၌ ၂၁ ဦးနှင့် ယင်းမာပင်မြို့နယ် တစ်ဦးဖြစ်ပြီး ပျောက်ဆုံး​နေသူများရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးသမားက ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - Shwe Mandalay Rescue

သတင်း

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

သတင်း

အပျက်အစီးပုံတွေအောက်မှာ ကွယ်လွန်နေခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရုပ်အလောင်းတွေက ထွက်ပေါ်လာတဲ့ အနံ့အသက်တွေဟာ မန္တလေးမြို့ရဲ့ နေရာတချို့မှာ စတင် ပျံနှံ့လာနေကြောင်း သိရပါတယ်။

သတင်း

ငလျင်ဘေးသင့် ဒေသတွေမှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ရနိုင်သမျှ ကြိုးစား ကယ်ဆယ်နိုင်ရေးဟာ ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံကနေ ရောက်ရှိလာတဲ့ ကယ်ဆယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

Facebook