close
Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့နယ် ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်နေသည့် ကလေးငယ် ၁၂ ဦးအလောင်း တွေ့ရှိထား

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာရှိ ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကလေးငယ် ၁၂ဦး အလောင်းတွေ့ရှိထားပြီး ကယ်ဆယ်ရန် ကျေးရွာများကျန်ရှိနေသေးကြောင်း လူမှုကူညီရေးအဖွဲ့အချို့က လူထုနွေဦးသို့ ပြောသည်။

ရမည်းသင်းမြို့၌ ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - မွန်မြတ်သူ အရေးပေါ်ကယ်ဆယ်ရေး

မတ်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာရှိ ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကလေးငယ် ၁၂ဦး အလောင်းတွေ့ရှိထားပြီး ကယ်ဆယ်ရန် ကျေးရွာများကျန်ရှိနေသေးကြောင်း လူမှုကူညီရေးအဖွဲ့အချို့က လူထုနွေဦးသို့ ပြောသည်။

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး နာရီပေါင်း ၇၀ခန့်အကြာ လေးရက်မြောက်နေ့တွင် ရမည်းသင်းမြို့ပေါ် ၌ ထိခိုက်ပျက်စီးမှု အခြေအနေများရှင်းလင်းနိုင်ခဲ့ပြီး သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

“ရွာတန်းက ၁၂ယောက်ရှိထားတယ်။ငလျင်ကြောင့် ပြိုကျပျက်စီးတဲ့ရွာတွေ ရှိသေးတယ်။တောင်ပေါ်ဘက် အခြမ်းတွေက အဆက်အသွယ်ပြတ်တောက်နေဆဲပဲ”ဟု ရမည်းသင်းမြို့၌ ငလျင်ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရန်ကျန်ရှိနေသည့် ကျေးရွာများ၏ အချက်အလက် အသေးစိတ်ကိုမူ လုံခြုံရေးအခြေ အနေကြောင့် ပြောဆိုနိုင်ခြင်းမရှိဟု ဆိုသည်။

ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာနသို့ လူထုနွေဦးက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိ သေးပေ။

“ရမည်းသင်းတမြို့လုံးနီးပါးပြိုကျပျက်စီးပြီး အသေပျောက်အရမ်းများပါတယ်။ဗလီတွေလည်းပြိုကျပြီး သူတို့ဝတ်ပြုချိန်ဖြစ်တာကြောင့် အထိခိုက်သေပျောက်တော်တော် များတယ်။နှစ်ပေါင်း ၁၄၀ ကျော်သက် တမ်းရှိတဲ့Church ကြီးလည်း ပြိုကျသွားခဲ့ပြီ။ဖြစ်တည်းကနေ ခုထိ လိုင်းတွေအကုန်ဖြတ်ခံထားရလို့ ဘာသတင်းမှမတက် ဘယ်သူမှမသိ။ဆေးရုံဆိုမဆံ့တော့လို့ အပြင်ဟင်းလင်းပြင်တွေမှာတောင် ဖျာတွေခင်းပြီး တင်ထားရတဲ့ထိပဲ”ဟု ရမည်းသင်းမြို့ခံတစ်ဦးက ပြောသည်။

ငလျင်ဗဟိုချက်အနီးရှိ မန္တလေးတိုင်းတွင် သေဆုံးသူ ကနဦးစာရင်းအရ ထောင်နှင့်ချီရှိကာ ကျောက်ဆည်၊စဥ့်ကူ၊တံတားဦး၊ ပျော်ဘွယ်၊မိတ္ထီလာ၊သာစည်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင်လည်း ငလျင်ကြောင့် သေဆုံးသူ အများအပြာရှိကာ ကယ်ဆယ်ရန် ကျန်ရှိနေသူများရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

အပျက်အစီးပုံတွေအောက်မှာ ကွယ်လွန်နေခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရုပ်အလောင်းတွေက ထွက်ပေါ်လာတဲ့ အနံ့အသက်တွေဟာ မန္တလေးမြို့ရဲ့ နေရာတချို့မှာ စတင် ပျံနှံ့လာနေကြောင်း သိရပါတယ်။

သတင်း

ငလျင်ဘေးသင့် ဒေသတွေမှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ရနိုင်သမျှ ကြိုးစား ကယ်ဆယ်နိုင်ရေးဟာ ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံကနေ ရောက်ရှိလာတဲ့ ကယ်ဆယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

သတင်း

ငလျင်ဘေးကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)က ထုတ်ပြန်ခဲ့ပြီး မြို၊ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထုတရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

Facebook