close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ဒေသ သွားရောက်ကူညီရန် အခက်အခဲရှိသော်လည်း ပြန်လည်ထူထောင်ရေးအပါအဝင် အကူအညီများတက်နိုင်သမျှပေးမည်ဟု KIO ထုတ်ပြန်

ငလျင်ဘေးကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)က ထုတ်ပြန်ခဲ့ပြီး မြို၊ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထုတရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

မန္တလေးမြို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့်အဆောက်အဦးတစ်ခုအား ရန်ကုန်နာရေးကူညီမှုအသင်းသားများက ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

မတ်-၃၁။၂၀၂၅။ ဟန်နွေ/People’s Spring

ငလျင်ဘေးကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)က ထုတ်ပြန်ခဲ့ပြီး မြို၊ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထုတရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းမြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို၊ရွာများတွင် လူ့အသက်များစွာ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ လူနေအိမ်များ၊ အဆောက်အဦးများ ပြိုပျက် ပျက်စီးခြင်း၊ လမ်းတံ တားများ ပြိုကျခြင်းနှင့် လူနေမှုဘဝများစွာ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေမှု အပေါ် KIOက မတ်လ ၃၀ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြေငလျင်ဘေးဒဏ်ခံစားရသော ဒေသများမှ ပြည်သူများ၊ ကျန်ရစ်သူမိသားစုဆွေမျိုး သားချင်းများအပေါ် တနိုင်ငံလုံးရှိမိဘပြည်သူများနှင့်ထပ်တူ အထူးဝမ်းနည်းရဟု KIOက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIO တပ်ဖွဲဝင်များအနေဖြင့် မြေငလျင် ဘေးဒဏ်သင့်ဒေသများသို့ သွားရောက် အကူအညီပေးရန် အခက်အခဲရှိနေသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ညမပြတ် အားကျိုးမာန်တက် ဆောင်ရွက်နေကြသော အသင်းအဖွဲများကိုလည်းကောင်း၊ လူပုဂ္ဂိုလ် တဦးချင်းစီကိုလည်းကောင်း၊ နိုင်ငံတကာမှ လာရောက်ကူညီသည့် အဖွဲအစည်းများကိုလည်းကောင်း အထူးလေးစားကျေးဇူးတင်ရှိကြောင်းနှင့် ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

KIOဗဟို၏ ထုတ်ပြန်ချက်သည် ကချင်ပြည်သူတရပ်လုံးက ငလျင်ဘေးအပေါ် ဝမ်းနည်းကြောင်း သက်သေပြချက်ဖြစ်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ငလျင်လှုပ်ခတ်ရာ နေရာဒေသအများစုသည် စစ်ကောင်စီ ထိန်းချုပ်ဆဲနေရာဒေသဖြစ်၍ KIO အနေဖြင့် ချက်ချင်းကူညီရန် အခက်အခဲရှိနေ၍ တက်နိုင်သည့် နည်းဖြင့် ကူညီမည့်အခြေအနေကို အသိပေးထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အောက်ပြည်အောက်ရွာက ညီအကိုမောင်နှမတွေ နိုင်ငံသူနိုင်ငံသားတွေနဲ့ လည်း ကျနော်တို့ ကချင်ပြည်သူလူထုတွေရော ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့ ခံယူထားပါတယ်။ အဲဒါကြောင့် ကချင်ဒေသမှာ ရှိတဲ့ ပြည်သူလူထုတွေ ဘာသာရေး ယဉ်ကျေးမှု သက်ဆိုင်ရာ အဖွဲ့အစည်းတွေလည်း ဆိုင်ရာဆိုင်ရာနဲ့ ချိတ်ဆက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အလှူဒါနတွေ ပြုကြတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အချို့မှာ လူအားဖြင့်ကယ်ဆယ်ရေးပါဝင်နေကြောင်း ကြားသိရဟု ၎င်းက ဆိုသည်။

ကချင်ပြည်သူလူထုများ သွားရောက်ရာတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များစွာ ရှိနေ၍ ယခင်ကဲ့သို့ ချက်ချင်းသွားရောက်ကူညီရန်မှာ အခက်အခဲရှိကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် လူမှုကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်မည့်သူများကို သွားလာရေးခွင့်ပြုရန်လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ မတ်လ ၃၀ရက်သတင်းဖော်ပြချက်တွင် နိုင်ငံအတွင်း ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက တိုက်ပွဲနေရာများသာမက တိုက်ပွဲမရှိသည့်နေရာများကိုပါ အဆတ်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးသမားက ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - Shwe Mandalay Rescue

သတင်း

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

သတင်း

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

အပျက်အစီးပုံတွေအောက်မှာ ကွယ်လွန်နေခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရုပ်အလောင်းတွေက ထွက်ပေါ်လာတဲ့ အနံ့အသက်တွေဟာ မန္တလေးမြို့ရဲ့ နေရာတချို့မှာ စတင် ပျံနှံ့လာနေကြောင်း သိရပါတယ်။

Facebook