မတ်-၃၀၊၂၀၂၅။နေ့သစ်/People’s Spring
ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်းခေါင်ကျော်တွင်မြေငလျင်လှုပ်မည်ဆိုသောကောလဟလများထွက်ပေါ်ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်ပေါ်တွင်မနေရဲတော့ဘဲ လမ်းပေါ်သို့ထွက်နေကြကြောင်းဒေသခံများကပြောသည်။
မြေငလျင်ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရသေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း မြေငလျင်လှုပ်မည် ၊အနီရောင်အဆင့်ဟုကြေညာသွားသည်ဆိုကာ ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်ရေးသားမျှဝေထားကြသည်။
ငလျင်လှုပ်မည်သတင်းများထွက်ပေါ်ပြီးနောက်ပြည်သူများမှာ တိုက်ခန်းများ ၊နေအိမ်များပေါ်တွင်မနေရဲတော့ဘဲ အိမ်အောက် ဆင်း၍ လမ်းပေါ်ထွက်နေကြခြင်းဖြစ်သည်။ ပုဇွန်တောင်၊ ဒေါပုံ၊ တာမွေ၊ မဂ်လာတောင်ညွှန်၊ လမ်းမတော်၊သက်န်းကျွန်း စသဖြင့် မြို့နယ်အများစုတွင် မတ်လ ၂၉ ညသန်းခေါင်အကျော်တွင်လမ်းပေါ်၌ လူများစွာဆင်းနေကြသည်။ ည၁ နာရီ ကျော်အထိ လမ်းများပေါ်တွင် လူအများအပြားရှိနေကြောင်း ဒေသခံအချို့ကပြောသည်။

Public Service Announcement
အချို့ပြည်သူများမှာ အထက်မြင့်တိုက်များမှသက်ကြီးရွယ်အိုမိသားစုဝင်များကိုပင်ခေါ်၍ ဆင်းနေကြသဖြင့် ကျန်ပြည်သူအချို့မှာလည်းအိမ်ပေါ်တွင်ဆက်နေရမည်လား၊ အောက်ဆင်းရမည်လားဆိုသည်ကို ဖေစ်ဘွခ်တွင်ရေးသားအကြံတောင်းနေကြသည်ကိုလည်းတွေ့ရသည်။
“သူများတွေဆင်းလို့ ဆင်းပြေးလာတာဘာမှန်ူမငိဘူး ။အိပ်ရေးကပျက် ခေါင်းကမူး “ဟုရန်ကုန်မြို့ခံပြည်သူတစ်ဦးကပြောသည်။
ကမ္ဘာပေါ်တွင်မြေငလျင်လှုပ်မည်ကိုမည်သည့်နိုင်ငံတွင်မှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိကြောင်းမြေငလျင်ပညာရှင်များကပြောသည်။ ဂျပန်နိုင်ငံကဲသို့ ခေတ်မီတိုးတက်သောနိုင်ငံတွင်ပင် မြေငလျင်တိုင်းစက် ၊ခေတ်မီကရိယာများစွာ အသုံးပြုထောက်လှမ်းသည့်တိုင် ငလျင်လှုပ်မည်ကို စက္ကန့်ပိုင်းသာကြိုသိကြောင်း ၎င်းတို့ကပြောသည်။ စစ်ကိုင်းပြတ်ရွေ့အပါအဝင် မြေငလျင်ကြောများစွာရှိသောမြန်မာနိုင်ငံမှာ မြေငလျင်အတွက်ကြိုတင်ကာကွယ်ရေးအတွက်အဆောက်အအုံများ ခိုင်ခံအောင်ဆောက်ရန် ၊ ငလျင်လှုပ်လျင်အရေးပေါ်တုံ့ပြန်ရန် ဆောင်ရန်၊ရှောင်ရန်များကို သိအောင် လေ့လာလေ့ကျင့်ထားရန် ပိုအရေးကြီးကြောင်းမြေငလျင်ပညာရှင်များကပြောသည်။
မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီးဗဟိုပြု၍ ပြင်အား ၇ ဒသမ ၇ ရှိသော အင်အားကြီး မြေငလျင်ကြီးလှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာတွင်တံတားဦးမြို့နယ်အတွင်းဗဟိုပြု၍ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်ကြီးနှစ်ခုလှုပ်ခဲ့သဖြင့် မန္တလေး၊စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်းသေဆုံးသူထောင်ချီရှိနေပြီဖြစ်သည်။ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေသူ ၊ပိမိနေသူ၊ ပျောက်ဆုံးနေသူများစွာလည်းရှိနေဆဲဖြစ်သည်။ နောက်ဆက်တွဲမြေငလျင်ငယ်များမှာလည်းဆက်တိုက်လှုပ်နေပြီ မတ် ၂၉ ညနေပိုင်းတွင် နေပြည်တော်ကိုဗဟိုပြု၍ အင်အားအသင့်အတင့်ရှိငလျင်လှုပ်ခဲ့သည်။ မတ် ၂၉ ရက်ည ၁၁ နာရီကျာ်တွင် နောက်ဆက်တွဲငလျင်လှုပ်ခဲ့သည်။
စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးပျက်စီးဆုံးရှုံးမှုများခဲ့ပြီးနောက်ဆက်တွဲငလျင်များဆက်တိုက်လှုပ်နေရာ နိုင်ငံတဝန်းရှိပြည်သူများမှာ မြေငလျင်အန္တရာယ်ကို ထိတ်လန့်နေကြသည်။မြေငလျင်ကောလဟလ များလည်းဆက်တိုက်ထွက်ပေါ်နေသည်။
